Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံတွင် လွတ်လပ်မှုနှင့်ဒီမိုကရေစီ ပြန်လည်ရရှိစေရမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ကတိပြု

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုတစ်နှစ်ပြည့်အပေါ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူများနှင့် ဆက်လက်ရပ်တည်မည်ဟု ထုတ်ပြန်

ဗြိတိန်အစိုးရသည် မြန်မာပြည်သူများနှင့် ဆက်လက်ရပ်တည်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိစေရမည်ဟု ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ယနေ့(ဖေဖော်ဝါရီ ၁ရက်)တွင် ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုတစ်နှစ်ပြည့်အပေါ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့တစ်နှစ်က မြန်မာ့စစ်အာဏာရှင်သည် အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီကို နင်းချေဖျက်ဆီးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရေးအကြမ်းဖက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနဲ့ နိုင်ငံရေးအတိုက်အခံတို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းစတာတွေကို ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ကျွန်တော်တို့ယူကေအစိုးရက ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိစေရမယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဗြိတိန်သည် တရားမဝင်စစ်အာဏာသိမ်းမှုစတင်ကတည်းက ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့ပြီး ပြည်သူရွေးကောက်ခံအရပ်သားအစိုးရထံ အာဏာပြန်အပ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန် လှည့်ရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် စစ်အာဏာသိမ်းမှုကျူးလွန်သူများနှင့် ၎င်းတို့ကို ထောက်ခံသူများအပေါ် ဗြိတိန်သည် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်း၍ဖြစ်စေ၊ သီးခြားဖြစ်စေ ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီး ဇန်န ဝါရီ ၃၁ ရက်တွင်လည်း ထပ်မံအရေးယူဒဏ်ခတ်သည့် စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။