Connect with us

Hi, what are you looking for?

News

တော်လှန်ရေးတွင် သွေးမအေးရန် လှည်းတန်း ခုံးတံတား ပေါ် စာတန်းချိတ်ဆွဲ

ယမန်နှစ် ယ​နေ့တွင် ရန်ကုန်မြေပေါ်၌ ဖော်ပြပါ ပြည်သူ ​လေးဦးဟာ အာဏာရှင်တော်လှန်ရင်း အသက်ပေးခဲ့ရသည့် အာဇာနည်ပုဂ္ဂိုလ်များအဖြစ် မှတ်တမ်းတင်ရှိပါကြောင်း YRF က ဖော်ပြသည်။

ဓာတ်ပုံ - Yangon Revolution Force - YRF

အကြမ်းဖက်စစ်ကောင်စီက အစစ်အဆေး၊ အဖမ်းအဆီးများ တင်းကြပ်နေသည့်ကြားက ရန်ကုန်မြို့မြို့ရှိ လှည်းတန်း ခုံးတံတားပေါ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၈) နေ့လယ်ပိုင်း၌ တော်လှန်လူငယ်များက ပြည်သူများအနေဖြင့် တော်လှန်ရေးတွင် သွေးမအေးရန် စာတန်းချိတ်ဆွဲ လှုံ့​ဆော်ခဲ့သည်။

ယမန်နှစ် ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူလေးဦး၏ သွေးများ ရန်ကုန်မြေပေါ်၌ စတင် ကျခဲ့ရသည်။

ထို့ကြောင့် ကျဆုံးသွားခဲ့ရသော သူရဲကောင်းများအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် ကျဆုံးသူ ​လေးဦး၏ ရုပ်ပုံများနှင့် “ကျဆုံးသူများအတွက် သွေးကြွေး ကျန်ရစ်သူများက သွေးမအေးကြေး” စာသားပါ ဘန်နာအား YRF ၏ Soft Strike Communityမှ လှည်းတန်းခုံးတံတားပေါ်တွင် ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – Yangon Revolution Force – YRF

ယင်းနေ့တွင် ပြည်သူလူထုတစ်ရပ်လုံး၏ မျက်ရည်များစွာသည်လည်း တစ်ချိန်တည်းမှာပင် မြေသို့ခခဲ့ရ၏။ ဤလူထုမျက်ရည်များသည် သွေးမတော်သားမစပ် ကျခဲ့ရသော နာကျည်းမျက်ရည်တွေဖြစ်ကြောင်း သက်သေထူပါသည်ဟု YRF က ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နှစ် ယ​နေ့တွင် ရန်ကုန်မြေပေါ်၌ ဖော်ပြပါ ပြည်သူ ​လေးဦးဟာ အာဏာရှင်တော်လှန်ရင်း အသက်ပေးခဲ့ရသည့် အာဇာနည်ပုဂ္ဂိုလ်များအဖြစ် မှတ်တမ်းတင်ရှိပါကြောင်း YRF က ဖော်ပြသည်။

ကမာရွတ်မြို့နယ် လှည်းတန်း စည်ပင်ရုံး အဟောင်းရှေ့တွင် ဖြိုခွင်းခံရကာ မျက်စိပွင့်ထွက် ကျဆုံးခဲ့ရသည့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းပညာရေးမှူးရုံးအရှေ့တွင် လက်မောင်း၌ ရော်ဘာကျည်ဒဏ်ရာ ရရှိကာ နှလုံးအမောဖောက် ကွယ်လွန်ခဲ့သည့် ဒေါ်တင်နွဲ့ရီ ( ၅၉ နှစ်)၊ သင်္ကန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီး ၊ ဘဝမြင့်မှတ်တိုင် အနီး၌ နံနက် ၉နာရီခန့်တွင် နောက်ကျောမှ လည်ပင်းသို့ ထုတ်ချင်းပေါက်ကျည်ဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည့် ကိုဟိန်းထွဋ်အောင် ( ၂၃ နှစ်)နှင့် လှည်းတန်း အထက (၅) ကမာရွတ်ကျောင်းအဝင်တံခါးတွင် အကြမ်းဖက်စစ်တပ်၏ ကျည်ကြောင့် ဝမ်းဗိုက်ပွင့်ထွက်နေလျက် မိခင်ဆီ ဖုန်းဆက်ကာ “ သားထိသွားပြီ ၊ သားမရတော့ဘူး “ဟု နှုတ်ဆက်ရင်း ကျဆုံးခဲ့ရသည့် ကိုညီညီအောင်ထက်နိုင် ( ၂၃ နှစ်) တို့၏ ရုပ်ပုံများကို ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – Yangon Revolution Force – YRF

“ကွယ်လွန်သူ၏ မိသားစုများသည်လည်း ယခုအချိန်ထိ အကြမ်းဖက်စစ်တပ်ကြောင့် အေးချမ်းစွာ အတည်တကျမနေထိုင်နိုင်ကြောင်းလည်း သိရှိရပြီးဖြစ်သည် ။ လူထုတစ်ရပ်လုံးသည် ကျဆုံးအာဇာနည်သူရဲကောင်းများထံမှ လက်ဆင့်ကမ်းသွေးကြွေးအား နိုင်ငံတော်သစ်နှင့်အတူ ကျေပွန်စွာပြန်တောင်းရန် တာဝန်ရှိနေပါသေးသည် ။ ကျွန်ုပ်တို့သည် ယခင်နှစ် ဒီလိုချိန်တွင် သတ္တိအားမာန်အပြည့်၊ နာကျည်းချက်အပြည့်၊ ခံယူချက်အပြည့်ဖြင့် အကြမ်းဖက်စစ်ကောင်စီအား အနိုင်တိုက်ထုတ်မည်ဟူသော ယုံကြည်ချက်များ ခိုင်မာခဲ့သည်။ ပြည်သူများအနေဖြင့် ထိုအချိန်များတွင် ထားရှိခဲ့သော ခံယူချက်များအတိုင်း မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီ(စစ်ခွေးများ)နှင့် ၎င်းတို့ရဲ့အပေါင်းအပါများအား ဆက်လက်တိုက်ထုတ်ရန် တာဝန်ကိုယ်စီရှိနေကြသည်။ ဤတာဝန်များကို လူထုတစ်ရပ်လုံး တာဝန် သိစိတ်ဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါ “ဟု Yangon Revolution Force -YRF မှ အလေးအနက်ထား တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။