Connect with us

Hi, what are you looking for?

LuduNwayOo

News

LGBT အသိုင်းအဝန်းအပါအဝင် မြန်မာပြည်သူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးထုတ်ပြန်

မြန်မာအပါအဝင် ကမ္ဘာတဝန်းရှိ LGBT+ အခွင့်အရေးအတွက် ဆက်လက်ကာကွယ်ပြီး ပံ့ပိုးလုပ်ဆောင်သွားရန် ဗြိတိန်အစိုးရက ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးသည်။

မိမိတို့၏ ရပိုင်ခွင့်အခွင့်အရေး၊ လွတ်လပ်ရေးတို့အတွက် ရဲရင့်စွာတိုက်ပွဲဝင်နေသော LGBTQIA+ အသိုင်းအဝန်းအပါအဝင် မြန်မာပြည်သူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။

ယနေ့(မတ်လ၁ ရက်) ကျရောက်သော နိုင်ငံတကာခွဲခြားဆက်ဆံမှုပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ခြင်းဖြစ်သည်။

“လုံခြုံခိုင်မာ၊ ဘေးကင်းပြီး စည်ပင်သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းဆိုတာ အကြမ်းဖက်ခံရမှု (သို့မဟုတ်) ခွဲခြားဆက်ဆံခံရမှုတို့ကိုကြောက်ရွံ့ နေရခြင်းမရှိဘဲ လူသားတိုင်း လွတ်လပ်စွာ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းပဲဖြစ်ပါတယ်”ဟု ဗြိတိန်သံရုံးက ဆိုသည်။

မြန်မာအပါအဝင် ကမ္ဘာတဝန်းရှိ LGBT+ အခွင့်အရေးအတွက် ဆက်လက်ကာကွယ်ပြီး ပံ့ပိုးလုပ်ဆောင်သွားရန် ဗြိတိန်အစိုးရက ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ပထမဦးဆုံး ကမ္ဘာလုံးဆိုင်ရာ LGBT+ ညီလာခံ ‘Safe To Be Me’ ကို လာမည့် ဇွန်လကုန်တွင် ဗြိတိန်က ဦးစီးကာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်သည်။

ယင်းညီလာခံ၌ LGBT+ အခွင့်အရေးနှင့်ပတ်သက်ပြီး အဓိကပြသနာများကို ဆွေးနွေးရန်၊ အပြုသဘောဆောင်သည့် နိုင်ငံတကာလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ကတိကဝတ်များထားရှိရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံ အားလုံး အတူတကွဆွေးနွေးနိုင်မည့် အခွင့်အလမ်း များရရှိမည်ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ – ဗြိတိန်သံရုံး

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် မြန်မာသံရုံးရော၊ MOGEကပါ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။