Connect with us

Hi, what are you looking for?

News

LGBT အသိုင်းအဝန်းအပါအဝင် မြန်မာပြည်သူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးထုတ်ပြန်

မြန်မာအပါအဝင် ကမ္ဘာတဝန်းရှိ LGBT+ အခွင့်အရေးအတွက် ဆက်လက်ကာကွယ်ပြီး ပံ့ပိုးလုပ်ဆောင်သွားရန် ဗြိတိန်အစိုးရက ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးသည်။

မိမိတို့၏ ရပိုင်ခွင့်အခွင့်အရေး၊ လွတ်လပ်ရေးတို့အတွက် ရဲရင့်စွာတိုက်ပွဲဝင်နေသော LGBTQIA+ အသိုင်းအဝန်းအပါအဝင် မြန်မာပြည်သူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။

ယနေ့(မတ်လ၁ ရက်) ကျရောက်သော နိုင်ငံတကာခွဲခြားဆက်ဆံမှုပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ခြင်းဖြစ်သည်။

“လုံခြုံခိုင်မာ၊ ဘေးကင်းပြီး စည်ပင်သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းဆိုတာ အကြမ်းဖက်ခံရမှု (သို့မဟုတ်) ခွဲခြားဆက်ဆံခံရမှုတို့ကိုကြောက်ရွံ့ နေရခြင်းမရှိဘဲ လူသားတိုင်း လွတ်လပ်စွာ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းပဲဖြစ်ပါတယ်”ဟု ဗြိတိန်သံရုံးက ဆိုသည်။

မြန်မာအပါအဝင် ကမ္ဘာတဝန်းရှိ LGBT+ အခွင့်အရေးအတွက် ဆက်လက်ကာကွယ်ပြီး ပံ့ပိုးလုပ်ဆောင်သွားရန် ဗြိတိန်အစိုးရက ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ပထမဦးဆုံး ကမ္ဘာလုံးဆိုင်ရာ LGBT+ ညီလာခံ ‘Safe To Be Me’ ကို လာမည့် ဇွန်လကုန်တွင် ဗြိတိန်က ဦးစီးကာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်သည်။

ယင်းညီလာခံ၌ LGBT+ အခွင့်အရေးနှင့်ပတ်သက်ပြီး အဓိကပြသနာများကို ဆွေးနွေးရန်၊ အပြုသဘောဆောင်သည့် နိုင်ငံတကာလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ကတိကဝတ်များထားရှိရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံ အားလုံး အတူတကွဆွေးနွေးနိုင်မည့် အခွင့်အလမ်း များရရှိမည်ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ – ဗြိတိန်သံရုံး

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။