Connect with us

Hi, what are you looking for?

News

တောင်ကိုရီးယားရောက်မြန်မာများ၏ ONE DAY CHALLENGEမှ ငါးကြိမ်မြောက်အဖြစ် NUGကို ကန်ဒေါ်လာတစ်သိန်း ထပ်မံပေးအပ်

NUG သည် ONE DAY CHALLENGE မန်ဘာဝင်များ၏ ထည့်ဝင်ငွေများကို အခွန်ငွေအဖြစ် သတ်မှတ်ပြီး ၆ လတစ်ကြိမ် အခွန်လက်မှတ် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

(​တောင်ကိုရီးယား​ရောက်မြန်မာများ အာဏာသိမ်းခံရမှုတစ်နှစ်​မြောက်​နေ့ ​ဖေ​ဖော်ဝါရီ၁ရက်က ချီတက်ဆန္ဒပြ​နေစဥ်)

တောင်ကိုရီးယားရောက်မြန်မာများ၏ ထည့်ဝင်ငွေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG သို့ ပဉ္စမအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားရောက် မြန်မာများဖြင့် စုဖွဲ့ထားသော ONE DAY CHALLENGE မန်ဘာဝင်များ၏ ထည့်ဝင်ငွေဖြင့် ၂၀၂၁ အောက်တိုဘာမှစတင်ကာ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့် ညီမျှသော ဝမ်ငွေကို NUG ဘဏ်အကောင့်သို့ ငါးကြိမ်လွှဲပြောင်းပေးအပ်ပြီးဖြစ်ကာ PDF/UG အဖွဲ့ ၁၂ ဖွဲ့ကိုလည်း တစ်ဖွဲ့လျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ထုတ်ပြန်ထားသည်။

NUG သည် ONE DAY CHALLENGE မန်ဘာဝင်များ၏ ထည့်ဝင်ငွေများကို အခွန်ငွေအဖြစ် သတ်မှတ်ပြီး ၆ လတစ်ကြိမ် အခွန်လက်မှတ် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ပေါ်ထွန်းလာရေးအတွက် ONE DAY CHALLENGE လှုပ်ရှားမှုတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများအား အထူးလေးစားဂုဏ်ယူ ကျေးဇူးတင်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ONE DAY CHALLENGE လှုပ်ရှားမှုတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားအဖွဲ့ဝင် ၁၆၈၂ ဦးရှိပြီး NUG သို့ လစဉ် ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၅၇,၂၂၀,၀၀၀ ထောက်ပံ့နိုင်မည်ဟု ထုတ်ပြန်ထားသည်။

ONE DAY CHALLENGE လှုပ်ရှားမှုသည် အဖွဲ့ဝင်များက ၎င်းတို့၏ လစာဝင်ငွေများထဲမှ ၁ ရက် စာဝင်ငွေကို NUG ဘဏ္ဍာရန်ပုံငွေအတွက် စုပေါင်းထည့်ဝင်လှူဒါန်းခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။