Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ကားနဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စကစအဖွဲ့ဗုံးပစ်ခံရလို့ နှစ်ဦး ဒဏ်ရာရ

ဒီလို တိုက်ခိုက်ခံရတဲ့ အဖွဲ့ဟာ ပြည်ကြီးတံခွန်မြို့နယ်ထဲ က ကားတွေ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အဖွဲ့လည်းဖြစ်တယ်လို့ သိရပါသေးတယ်။

People's Spring
People's Spring

မန္တလေး မှာ ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ငွေတောင်းနေတဲ့ စစ်ကောင်စီ အဖွဲ့ကို မတ်လ ၂ ရက် ညနေပိုင်းက ဗုံးနဲ့တိုက်ခိုက်ခံရလို့ ရဲနှစ်ယောက် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ဒီလို တိုက်ခိုက်ခံရတဲ့ အဖွဲ့ဟာ ပြည်ကြီးတံခွန်မြို့နယ်ထဲ က ကားတွေ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အဖွဲ့လည်းဖြစ်တယ်လို့ သိရပါသေးတယ်။

မနေ့ကညနေပိုင်း ၄ နာရီလောက်မှာတော့ ရန်ကုန် − မန္တလေး လမ်းဟောင်းနဲ့ ၁၁၇ လမ်းထောင့်မှာ ငွေညှစ်ဖို့ စောင့်ဆိုင်နေချိန် ဗုံးပစ်ခံလိုက်ရတာပါ။

ဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီးလည်း ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲ ဗုံးပစ်ခံရလို့ ရဲမှူးတစ်ဦးအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။