Connect with us

Hi, what are you looking for?

News

ချောင်းဦး-အမြင့်လမ်းပိုင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ငါးဦးသေ၊ နှစ်ဦးဒဏ်ရာရ

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ စစ်သားငါးဦးသေဆုံးပြီး ရဲတစ်ဦးခြေထောက်ပြတ်ကာ တစ်ဦးမျက်လုံးကျွတ်ထွက်သွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

ချောင်းဦး-အမြင့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU – PDF)က ယနေ့(မတ် ၆)ထုတ်ပြန်သည်။

ယမန်နေ့(မတ် ၅)က ချောင်းဦး – အမြင့်လမ်းအတိုင်း အမြင့်ကျေးရွာဘက်ထွက်လာသော စစ်ကောင်စီတပ်ကို CHU – PDF တပ်ခွဲ(၂)မှ ရဲဘော်များက ဆီးကြိုတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ စစ်သားငါးဦးသေဆုံးပြီး ရဲတစ်ဦးခြေထောက်ပြတ်ကာ တစ်ဦးမျက်လုံးကျွတ်ထွက်သွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များမှာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း CHU – PDF က အငိပေးထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်း၊ မုံရွာ၊ ကလေးနှင့် ရွှေဘိုမြို့နယ်များမှလွဲ၍ တစ်တိုင်းလုံးကို အင်တာနက်လိုင်းများဖြတ်တောက်ပြီးနောက် ထိုးစစ်ဆင်မှုများဆက် တိုက်လုပ် ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။