Connect with us

Hi, what are you looking for?

News

ဗြိတိန်ပါလီမန်နှင့် ပူးပေါင်းဆောင်ရွက်ရေး CRPH ဆွေးနွေး

CRPH နှင့် ဗြိတိန်ပါလီမန်လွှတ်တော်ကိုယ်စားလှယ်များသည် မတ်လ ၁၆ရက်တွင် ဗီဒီယိုကွန်ဖရင့်မှ တွေ့ဆုံခဲ့ရာ မြန်မာ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဗြိတိန်ပါလီမန်နှင့် လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ (မတ်လ ၁၇ ရက်)ထုတ်ပြန်သည်။

CRPH နှင့် ဗြိတိန်ပါလီမန်လွှတ်တော်ကိုယ်စားလှယ်များသည် မတ်လ ၁၆ရက်တွင် ဗီဒီယိုကွန်ဖရင့်မှ တွေ့ဆုံခဲ့ရာ မြန်မာ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ၊ စစ်တပ်မှ ပြည်သူတို့အပေါ်၌ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိူးဖောက်နေမှုများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများကို ထည့်သွင်းဆွေးနွေးသည်။

ဆက်လက်ပြီး စစ်ဘေးရှောင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အကူအညီများ လိုအပ်နေမှုများကို CRPH ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ကြားကာလ နိုင်ငံရေးအင်အားစုများ၏ ပါဝင်မှုနှင့် အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ်များ ၊ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် စိုးရိမ်ချက်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရေးနှင့် လူအခွင့်အရေးကာကွယ်တိုးမြှင့်နိုင်ရေး ဗြိတိန်အမတ်များက အနာဂတ်တွင် ကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များ၊ ဆက်လက်ဆွေးနွေးသွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးသဘောတူညီခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းအတွက် စစ်ရေးအကူအညီ စတာလင်ပေါင် သန်း ၄၅၀ ထပ်မံ ပေးအပ်သွားမယ်လို့ ဗြိတိန် အစိုးရက ကြေညာခဲ့ပါတယ်။

သတင်း

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက အကူအညီများ ထပ်မံတိုးမြှင့်ပေးအပ်လိုက်ကြောင်း သိရသည်။

သတင်း

ဗြိတိန်အစိုးရက မြန်မာ့ငလျင်အတွက် စတာလင်ပေါင် ၅သန်း ထပ်မံကူညီမယ်လို့ ကြေညာလိုက်ပြီး အဲဒီအကူအညီဟာ မြန်မာစစ်တပ်ထံ စီးဆင်းခြင်းလုံးဝမရှိကြောင်း အသိပေးပါတယ်။

နိုင်ငံတကာ

Facebookကို အခပေး အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုကို ဗြိတိန်မှာ ထောက်ပံ့ပေးသွားဖို့ မိခင်ကုမ္ပဏီဖြစ်တဲ့ Metaက စဉ်းစားနေကြောင်း သိရပါတယ်။