Connect with us

Hi, what are you looking for?

News

အိတ်ရောင်းရအမြတ်ငွေ သိန်း ၁၅၀ ကျော်ကို ပညာရေးအတွက်လှူဒါန်းလိုက်သည့် ဒေါင်း

Free Online Educational Institution Myanmar သည် နွေဦးတော်လှန်ရေး ကာလတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Online နှင့် မြေပြင်မှ တဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော လူထုအဖွဲ့အစည်းဖြစ်ပြီး သရုပ်ဆောင် ဒေါင်းကို ယင်းအဖွဲ့အစည်း၏ Ambassador အဖြစ် ဧပြီ ၂၆ ရက်က ခန့်အပ်ခဲ့သည်။

သရုပ်ဆောင်ဒေါင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖန်တီးထားသည့် အိတ်များရောင်း၍ရရှိသည့် အမြတ်ငွေ သိန်း ၁၅၀ ကျော်ကို Free Online Educational Institution Myanmar ( FOEIM) သို့လှူဒါန်းလိုက်သည်။

Daung Arts Corner အမည်ဖြင့် ပေ့ခ်ျကို မတ်လ ၃၀ တွင်ကျရောက်သည့် ဒေါင်း၏မွေးနေ့တွင် စတင်ဖွင့်လှစ်ကာ လိုအပ်နေသည့်နေရာများကိုထောက်ပံ့နိုင်ရန် ၎င်း၏အနုပညာဖန်တီးမှုနှင့် အမှတ်တရ ပစ္စည်းများရောင်းရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဒေါင်း၏ကိုယ်ပိုင်ဒီဇိုင်းနှင့်အိတ်များကို ပထမဆုံးအကြိမ်ရောင်းချခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ DAC page ကနေ တစ်လအတွင်း အိတ်ပေါင်း ၁၅၇၈ လုံး စုစုပေါင်းငွေ ၄၁,၃၉၅,၆၀၁ ကျပ် ဖိုးရောင်းချရရှိခဲ့ပြီး အမြတ်ငွေ ၁၅,၂၇၁,၅၄၇ ကျပ်( တစ်ရာငါးဆယ့်နှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာ့လေးဆယ်ခုနှစ်ကျပ် တိတိ ) ရရှိခဲ့ပါတယ်။ ရရှိသောအမြတ်ငွေအားလုံးအား Free Online Educational Institution Myanmar ( FOEIM) သို့လွှဲပြောင်းလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။”ဟု ပရိသတ်များကို အသိပေးထားသည်။

အဆိုပါအိတ်များကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒေါင်း၏ ပရိသတ်များကို အားပေးခဲ့ပြီး မျှော်လင့်ထားသည်ထက်အားပေးခဲ့သောကြောင့် ပီတိဖြစ်ရကြောင်း ဒေါင်းကရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ကလေးငယ်များကိုပညာတတ်လေးများဖြစ်လာအောင်ပြုစုပျိုးထောင်ခြင်းကလည်းကောင်းမွန်သောတိုင်းပြည်ဖြစ်လာစေဖို့တည်ဆောက်ခြင်းတမျိုးပါပဲဗျ။ ဒါကြောင့် ကျွန်တော့်ရဲ့ DAC page မှ ရရှိသော fund များအား ပညာရေးရံပုံငွေအဖြစ် လှူဒါန်းသုံးစွဲဖို့ရည်ရွယ်ထားပါတယ်ဗျ။ နောက်အသစ်ထပ်လာမယ့် project များမှာလည်း ယခုလိုပဲ ညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းပါဝင်လှူဒါန်းခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကလေးတွေကိုကျွန်တော်တို့ အတူတကွပြုစုပျိုးထောင်ကြရအောင်ဗျ။” ဟု ကြေညာထားသည်။

Free Online Educational Institution Myanmar သည် နွေဦးတော်လှန်ရေး ကာလတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Online နှင့် မြေပြင်မှ တဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော လူထုအဖွဲ့အစည်းဖြစ်ပြီး သရုပ်ဆောင် ဒေါင်းကို ယင်းအဖွဲ့အစည်း၏ Ambassador အဖြစ် ဧပြီ ၂၆ ရက်က ခန့်အပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

ရုပ်ရှင်ခံစားမှု

နာမည်ကျော် မြန်မာသရုပ်ဆောင် ဒေါင်းရဲ့ Omukade ဆိုတဲ့ ထိုင်းရုပ်ရှင်ဇာတ်ကား ဇန်နဝါရီမှာ ရုံတင်ပြီးတဲ့နောက် Netflix Platform မှာ ကြည့်ရှုလို့ရပါပြီ။ ဒီကားဟာ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Creepy Crawly" (The One Hundred ) ရုပ်ရှင်ရဲ့ Prequel...

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။