Connect with us

Hi, what are you looking for?

News

တရားမဝင်ရွှေ့ပြောင်းလုပ်သားများ အွန်လိုင်းမှတ်ပုံတင်ခြင်း ခွင့်ပြုပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနပြော

အွန်လိုင်းမှတ်ပုံတင်ခြင်းအစီအစဉ်သည် လက်ရှိထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်ဖြစ်ပြီး အသစ်ရောက်ရှိလာသည့် အလုပ်သမားများအတွက် အကျုံးဝင်မည်မဟုတ်ကြောင်းPairoj Chotikasathien က ပြောသည်။

(ပြီးခဲ့သည့် ​မေလ၁ရက်က ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ လွတ်လပ်​ရေး​ကျောက်တိုင်အနီးတွင် ချီတက်ဆန္ဒပြ​နေ​သော မြန်မာလုပ်သားများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - ဘန်​ကောက်ပို့စ်)

ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ မြန်မာများအပါအဝင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် မှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးမည်ဟု Bangkok Post သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

ရွှေ့ပြောင်းအလုပ်သမားများ မူဝါဒစီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာ အေဂျင်စီများအကြား ယမန်နေ့တွင်ပြုလုပ်သော ဆွေးနွေးပွဲ၌ အကြောင်းအရာလေးခုကို သဘောတူညီချက်ရရှိခဲ့ကြောင်း အလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ပြောသည်။

အထက်ပါဆွေးနွေးပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့မှ တရားမဝင်အလုပ် သမားများအတွက် မှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးတော့မည်ဟု သဘောတူညီခဲ့သည်ဟု ဆိုသည်။

အလုပ်သမားခွင့်ပြုချက် သက်တမ်းကုန်နေသည့်အလုပ်သမားများနှင့် အလုပ်သမားခွင့်ပြုချက် မရှိသည့် အလုပ်သမားများအတွက် အဆိုပါ မှတ်ပုံတင်ခြင်းက အကျုံးဝင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

အွန်လိုင်းမှတ်ပုံတင်ခြင်းအစီအစဉ်သည် လက်ရှိထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်ဖြစ်ပြီး အသစ်ရောက်ရှိလာသည့် အလုပ်သမားများအတွက် အကျုံးဝင်မည်မဟုတ်ကြောင်းPairoj Chotikasathien က ပြောသည်။

အဆိုပါ အွန်လိုင်းမှတ်ပုံတင်ခြင်းလျှောက်ထားရန် အလုပ်ရှင်များက ၎င်းတို့၏ ရွှေ့ပြောင်းအလုပ် သမားစာရင်းကို အလုပ်သမားဝန်ကြီးဌာနထံ စာရင်းတင်သွင်းရမည်ဖြစ်သည်။ အဆိုပါ အလုပ် သမားများသည် ထိုင်းနိုင်ငံအတွင်း လာမည့် ၂၀၂၃ ဖေဖော်ဝါရီ မတိုင်ခင်အထိ အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။

ထို့အပြင် ဩဂုတ် ၁ ရက်မတိုင်မီနှင့် နောက်ပိုင်း ဗီဇာဖြင့် အလုပ်လုပ်မည့် ရွှေ့ပြောင်းအလုပ် သမားများသည် ထိုင်းနိုင်ငံအတွင်း ဆက်လက်အလုပ်လုပ်လိုပါက ၎င်းတို့၏အလုပ်ခွင့်ပြုချက် များ(work permits)ကို သက်တမ်းတိုးရန် လိုအပ်မည်ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ပါက အဆိုပါအလုပ်သမားများသည် နောက်ထပ် ၂ နှစ် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။

တတိယသဘောတူညီချက်မှာ ဗီဇာခများကို လျှော့ချပေးမည်ဖြစ်သည်။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် ဗီဇာခ ဘတ်၂၀၀၀ မှ ၅၀၀သို့ လျှော့ချရန် ဌာနအတွင်း ညွှန်ကြားချက်တစ်စောင်ကို ပူးတွဲမူကြမ်းရေးဆွဲနေသည်ဟု ဆိုသည်။

စတုတ္ထသဘောတူညီချက်မှာ အိမ်နီးချင်းနိုင်ငံများနှင့် MoU စာချုပ်ဖြင့် ရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနိုင်ရေး ဒွန်မောင်းနှင့် သု၀ဏ္ဏဘူမိလေဆိပ်များတွင် ဆိုက်ရောက်နှင့် ပြန်လည်ပေါင်းစည်းရေးစင်တာများ ထပ်မံတိုးချဲ့ရေးအစီအစဉ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။