Connect with us

Hi, what are you looking for?

News

မန္တလေး ဈေးချိုနဲ့ ခရိုင် တရားရုံးနား ဗုံးပေါက်ကွဲ

အဲဒီလိုပေါက်ကွဲမှုဖြစ်တဲ့ အိမ်ရာ နားမှာ မန္တလေးခရိုင်တရားရုံးရှိပါတယ်။ မန္တလေးခရိုင်တရားမှာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

မန္တလေးဈေးချို (ပုံဟောင်း)

မန္တလေးမြို့ အထင်ကရ ဈေးချိုနဲ့ ခရိုင်တရားရေး အိမ်ရာ မှာ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဈေးချိုတော် ထိုးမုန့်တန်းရှိ ဈေးရုံးခန်းမှာ နေ့ခင်း ၁နာရီလောက်က ဗုံးပေါက်ကွဲပြီး ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

အလားတူပါပဲ ချမ်းအေးသာစံမြို့နယ် ၊ ၃၃ လမ်းနဲ့ ၃၄ လမ်း ကြားမှာရှိတဲ့ တရားရေးဝန်ထမ်းတွေနေထိုင်တဲ့ အိမ်ရာဝင်းမှာလည်း မနက် ၉ နာရီလောက်က ဗုံးပစ်ခံရလို့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Public Service Announcement

လူထိခိုက်မှာမရှိဘဲ ခြံစည်းရိုးအုတ်နံရံကြားပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလိုပေါက်ကွဲမှုဖြစ်တဲ့ အိမ်ရာ နားမှာ မန္တလေးခရိုင်တရားရုံးရှိပါတယ်။ မန္တလေးခရိုင်တရားမှာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

မနေ့က မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးရှေ့မှာ လက်လုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။