Connect with us

Hi, what are you looking for?

သတင်း

ပြည်ပနိုင်ငံအသီးသီး​ရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပ

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် နယ်သာလန်နိုင်ငံ ဘရေဒါမြို့တို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် သံဃာများအား ဆွမ်းကပ်လှူဒါန်း ၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ပြည်ပနိုင်ငံအသီးသီး​ရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပ
ပြည်ပနိုင်ငံအသီးသီး​ရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပ

▪️ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်း

ပြည်ပနိုင်ငံအသီးသီးရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ယနေ့ (ဇွန်လ ၁၉) ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့် မွေးနေ့ပွဲကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပပြုလုပ်ပေးခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် နယ်သာလန်နိုင်ငံ ဘရေဒါမြို့တို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် သံဃာများအား ဆွမ်းကပ်လှူဒါန်း ၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့နှင့် နော်ဝေနိုင်ငံ ဖရိုလန်းမြို့တို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)ပြည့် မွေးနေ့နှင့်အတူ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာစေရန်နှင့် ချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်စေရန် ပြည်ပရောက် မြန်မာနိုင်ငံသားများက ဆုတောင်းပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့​နောက် ဂျပန်နိုင်ငံ တိုကျိုမြို့ Nakahara Peace Park နှင့် တောင်ကိုရီးယားနိုင်ငံ ဖူပြောင်းမြို့ ဖူပြောင်းရင်ပြင် တို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။