အောက်တိုဘာ-၂၈၊၂၀၂၆။သုည/Peoples Spring
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒပြပွဲကို Myanmar Unity Movement (M.U.M) က ဦးဆောင်ပြီး လန်ဒန်ရောက်တော်လှန်ရေး ရဲမေနဲ့ ရဲဘော်တွေက ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးတို့ကို ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံတွေ ကိုင်ဆောင်ကာ Free Her ကမ်ပိန်းပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြခဲ့ပါတယ်။





















































