Connect with us

Hi, what are you looking for?

သတင်း

ဓနုတွင်ဦးစီးဥက္ကဌ၏ဝမ်းကွဲညီမကနိုင်ငံ​ရေးပုဒ်မဖြင့်တရားစွဲခံရမည့်သူများကိုကူညီ​ပြောပြီး​ငွေလိမ်သွားဟု​​ဒေသခံများ​ပြော

ဓနုဒေသ စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်သူများထံ ချိတ်ဆက်ကာ ဖမ်းဆီးခံထားရသူများကိုအမှုမှလွတ်အောင် ကူညီပေးမည်ဟကမ်းလှမ်းပြီးငွေကြေးများ လိမ်လည်သွားသည်ဟုလိမ်လည်ခံရသည့် ကာယကံရှင်အချို့ကပြောသည်။

(​ဒေါ်ဆုမြတ်​အေး)
(​ဒေါ်ဆုမြတ်​အေး)

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ၏ ညီမဝမ်းကွဲသည် နိုင်ငံရေးပုဒ်မဖြင့်အမှုဖွင့်ခံထားရသူများအား စစ်ကောင်စီနှင့် ပူးပေါင်း၍ ကူညီမည်ဟုဆိုကာ ငွေကြေးများ လိမ်လည်သွားပြီး ယခုအခါ ထွက်ပြေးတိမ်းရှောင်​နေ​ကြောင်း ​ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌဦးအာကာလင်း၏ ညီမတစ်ဝမ်းကွဲတော်စပ်သောရှေ့နေဒေါ်ဆုမြတ်အေးသည် စစ်ကောင်စီနှင့် ပူးပေါင်းနေ၍တော်လှန်ရေးအင်အားစုများ၏ သတိပေးခံထားရသူ ဖြစ်သည်။ ပင်းတယမြို့တွင် နေထိုင်ပြီး ၃၅နှစ်ခန့် အရွယ်ရှိသည်။

ဓနုဒေသ စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်သူများထံ ချိတ်ဆက်ကာ ဖမ်းဆီးခံထားရသူများကိုအမှုမှလွတ်အောင် ကူညီပေးမည်ဟကမ်းလှမ်းပြီးငွေကြေးများ လိမ်လည်သွားသည်ဟုလိမ်လည်ခံရသည့် ကာယကံရှင်အချို့ကပြောသည်။

“ဒေါ်ဆုမြတ်အေးက စစ်ကောင်စီအုပ်စုနဲ့ တပူးပူး တတွဲတွဲ နေပြီး အမှုပွဲစား လုပ်နေတာ။ ရဲကိုပိုင်တယ်ဆိုပြီး အမှုသည်တွေဆီကနေ ငွေယူတယ်။ နိုင်ငံရေးပုဒ်မနဲ့ အမှုဖွင့်ခံထားရသူတွေကို အမှုပိတ်ပေးအောင်ကူညီမယ်ဆိုပြီးငွေတွေ တောင်းတယ်။ ရဲက ခေါ်စစ်တဲသူ​တွေကိုလည်း အမှုဖွင့်ခံရတဲ့ အဆင့်မရောက်အောင် ကူညီမယ်ဆိုပြီး ငွေတွေတောင်းတယ်။ နောက်ပြီးသူ့ကိုလည်းမကျေနပ်နေသူတွေများလာတယ်။ အခုထွက်ပြေးသွားပြီ” ဟုဓနုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်ဆုမြတ်အေးသည်ဇွန်လနှောင်းပိုင်းကာလကထွက်ပြေးသွားခြင်းဖြစ်ပြီး စုစုပေါင်း ဒေသခံ ငါး ဦးထက်မနည်းထံမှ ငွေ လိမ်ယူသွားသည်ဟု လိမ်လည်ခံရသူအချို့ကပြောသည်။ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကလည်းဒေါ်ဆုမြတ်အေး၏ လုပ်ရပ်များ ရပ်တန်းကရပ်ရန် လူမှုကွန်ရက်မှတဆင့် သတိပေးထားသည်။ ထွက်​ပြေးတိမ်း​ရှောင်သွားခြင်းမှာလိမ်ထား​​သောအမှုများ​ကြောင့်ဖြစ်နိုင်သလို PDF ကို​ကြောက်၍ဖြစ်နိုင်​ကြောင်းလည်းသိရသည်။

လက်ရှိကာလမှာ ဘယ်အမှုနေနေ သူမ ရှေ့နေလိုက်ပေးရင် အကုန်လွတ်စေရမယ်၊ဒီနယ်ရဲ့ ကိစ္စအ၀၀က သူမအကိုဖြစ်သူ(ဒေသဥက္ကဌ) လက်ထဲမှာရှိနေတာကြောင့် သူမထံအမှုသည်များ ယုံယုံကြည်ကြည် အပ်ကြဖို့ ရှိသမျှအမှုသည်အားလုံးထံ ဆက်သွယ်စည်းရုံးနေသူဖြစ်ကြောင်းနှင့် အမှုသည်ထံမှ ငွေလက်ခံပြီး အမှုပြီးပြတ်အောင် မလိုက်ပေးဘဲ ထွက်ပြေးသွားသူဖြစ်ကြောင်းစစ်ကောင်စီကအမှုဖွင့်ခံထားရသည့် ဒေသခံတစ်ဦးကလည်း​ရေးသားထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌတာဝန်ယူထားသော ဦးအာကာလင်းသည် ဓနုဒေသတွင် စစ်ကောင်စီ၏ အဓိကဒေါက်တိုင်ဖြစ်နေပြီး ဒေါ်ဆုမြတ်အေးကလည်းသတင်းပေးအနေဖြင့်ရော အမှုပွဲစားအနေဖြင့်ပါ စစ်ကောင်စီကို အားဖြည့်ပေးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ ​ထိုဖြစ်စဥ်များကို​မေးမြန်းရန် ဒေါ်ဆုမြတ်​အေးကို People’s Spring ကဆက်သွယ်ရန် ကြိုးစားခဲ့​သော်လည်းဆက်သွယ်မရပါ။

“ဒီမိသားစုက ဓနုဒေသအတွက်တော့ ကောင်းကျိုးမပေးတဲ့သူတွေ။ အစ်ကိုက စစ်တပ်ရဲ့ အဓိကဒေါက်တိုင်။ ညီမက အမှုပွဲစားလုပ်ပြီး တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေတာ” ဟု ၎င်းကဆက်​ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနှင့် ရွာငံတွင်စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်သည့် ဒီချုပ်ပါတီအမတ်လောင်းအချို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ တက်ကြွလှုပ်ရှားသူအချို့လည်း ဖမ်းဆီးခံထားရပြီး တစ်ရာဦးထက်မနည်းသည် နိုင်ငံရေးပုဒ်မများဖြင့် အမှုဖွင့်ခံထားရ၍ တိမ်းရှောင်နေရသည်။ယင်းဖြစ်ရပ်များသည် ဦးအာကာလင်း၏ စနက်မကင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ယခုအခါ စစ်အာဏာရှင် တော်လှန်ရေး အရှိန်မြှင့်လာသည့် ဓနုဒေသတွင် စစ်ကောင်စီဒေါက်တိုင်များကို PDFများက ဆက်တိုက် လိုက်လံရှင်းလင်းနေသည်။ ဇွန် ၂၉ရက်က ပင်းတယမြို့အထွက်မှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့၍စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

ထိုအပြင်ပင်းတယတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ကြံခိုင်ရေးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကိုလည်း ဇွန် ၁၈ရက်တွင် သုတ်သင်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။