Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICE အေးဂျင့်တွေ ပစ်သတ်တာ ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ မိသားစုက ထရမ့်အစိုးရကို တရားစွဲ

အမေရိကန် အစိုးရ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမေရိကန် အမျိုးသမီးရဲ့ မိသားစုဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် အစိုးရ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမေရိကန် အမျိုးသမီးရဲ့ မိသားစုဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

ထရမ့်အစိုးရရဲ့ ညွှန်ကြားချက်အရ အမေရိကန်မှာ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို ဖက်ဒရယ် အေးဂျင့်တွေက ရှာဖွေဖော်ထုတ် ဖြိုခွင်းမှုတွေ အရှိန်မြင့်တက်နေတဲ့ ကာလအတောအတွင်း ရီနေးဂွတ်ဒ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့တုန်းက လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ကွပ်ကဲရေးဌာန (ICE)ရဲ့ ဖက်ဒရယ် အေးဂျင့်တွေဟာ မင်နီယာပိုလစ်မြို့မှာ ဂွတ်ဒ်ရဲ့ ကားထဲကို ၃ ချက် ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာတော့ ဂွတ်ဒ်ရဲ့ မိသားစုက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ကိုင်တွယ်ပုံကြောင့် သေဆုံးမှု၊ ပြည်သူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မိသားစုရဲ့ စွဲချက်တွေဟာ အဓိက ဦးတည်ထားတဲ့ အကြောင်းအရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက မှားယွင်းကိုင်တွယ်မှု၊ လူသေတဲ့ထိ ပေါ့ဆမှု၊ မလျော်မကန် ဆောင်ရွက်မှုတွေအတွက် အစိုးရကို တရားစွဲတာ ဖြစ်ပါတယ်။ နောက်ထပ် စွဲချက်ကတော့ ဂွတ်ဒ်ကို ပစ်သတ်သူ ဂျိုနသန်ရော့စ်၊ အဲဒီကာလတုန်းက ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်၊ အိမ်ဖြူတော် လက်ထောက် ကွပ်ကဲရေး အရာရှိချုပ် စတီဖန်မီလာတို့ အပါအဝင် ထရမ့်အစိုးရအဖွဲ့ ထိပ်ပိုင်း အရာရှိတွေကို ဦးတည်ထားပါတယ်။ ICEဟာ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိနေတာပါ။

Public Service Announcement

Public Service Announcement

အဲဒီတုန်းက ထရမ့်ဟာ ဘာအထောက်အထားမှ မပြသနိုင်ဘဲ ဂွတ်ဒ်ကို အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ နိုအမ်ကလည်း အဲဒီ အမျိုးသမီးဟာ ဖက်ဒရယ် လုံခြုံရေး အရာရှိတွေကို ကားနဲ့ တက်ကြိတ်ဖို့ ကြိုးစားခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။

စွဲချက်တွေကို ဖက်ဒရယ် တရားရုံးမှာ တင်သွင်းပြီးတဲ့နောက် မိသားစုရဲ့ ရှေ့နေက ဂွတ်ဒ်ရဲ့ သေဆုံးမှုဟာ မတော်တဆ မဟုတ်ကြောင်း၊ ရန်လိုတဲ့ ထိပ်တိုက် တွေ့မှုတွေ ဖြစ်ပေါ်လာနိုင်မှန်း မြင်သာနေတဲ့ မူဝါဒမျိုးရဲ့ ခန့်မှန်းရလွယ်တဲ့ ရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ရဲ့ အစိုးရကတော့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ဆက်လက် ကာကွယ် ရပ်တည်နေပြီး ဂွတ်ဒ် သေဆုံးတဲ့ထိ အင်အားသုံးခဲ့တဲ့ အေးဂျင့်တွေရဲ့ လုပ်ရပ်ဟာ မှန်ကန်သင့်တော်ကြောင်း ပြောဆိုထားပါတယ်။

ဗီဒီယို မှတ်တမ်းတွေမှာတော့ ဂွတ်ဒ်ဟာ ဖက်ဒရယ် အေးဂျင့်တွေနဲ့ အေးအေးလူလူ စကားပြောနေခဲ့ပြီး အဲဒီနောက် သူ့ကားကို မောင်းထွက်သွားဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဂွတ်ဒ်ရဲ့ မိသားစုက တင်သွင်းတဲ့ စွဲချက်ထဲမှာတော့ ဂွတ်ဒ်ဟာ လက်နက် ကိုင်ဆောင်မထားသလို ဘာပြစ်မှုဟောင်းမှလည်း မရှိကြောင်း၊ အဲဒီတုန်းကလည်း ရော့စ်နဲ့ စကားဆက်မပြောချင်လို့ ကားမောင်း ထွက်သွားရုံသာ ဖြစ်ပေမယ့် ရော့စ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဂွတ်ဒ်ရဲ့ သေဆုံးမှုအပြီး မင်နီယာပိုးလစ်မှာ ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို လူထုရဲ့ စက်ဆုပ်မှုကလည်း သိသိသာသာ တိုးလာပါတယ်။ နောက်နှစ်ပတ် အကြာမှာတော့ ဖက်ဒရယ် အေးဂျင့်တွေဟာ သူနာပြု အမျိုးသား တစ်ဦးဖြစ်တဲ့ အမေရိကန်သား အဲလက်စ်ပရက်တီကို ရုန်းရင်းဆန်ခတ် အခြေအနေ တစ်ခုအတွင်းမှာ ပစ်သတ်ခဲ့ပြန်ပါတယ်။

ပစ်ခတ်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ အေးဂျင့်တွေကို စုံစမ်းစစ်ဆေးဖို့ မင်နီယာပိုးလစ် ဖက်ဒရယ် အစိုးရ ရှေ့နေတွေရဲ့ လုပ်ပိုင်ခွင့် တားမြစ်ခံရတဲ့နောက် တရားရေး ဝန်ကြီးဌာနထဲမှာလည်း အရှုပ်အထွေးတွေ ဖြစ်ပေါ်လာပါတယ်။ တချို့အရာရှိတွေကတော့ ဆန္ဒပြမှုတွေကြောင့် နုတ်ထွက်ကုန်ပါတယ်။ ဒါပေမဲ့ ဘယ်အေးဂျင့်မှ တရားခွင်မှာ စွဲချက်အတင် မခံခဲ့ရပါဘူး။

တာဝန်ယူမှု၊ တာဝန်ခံမှုကို ရအောင် တောင်းယူနိုင်မှသာ နောက်ထပ် ဘယ်မိသားစုမှ သူတို့ဖြတ်သန်း ကြုံတွေ့ရတဲ့ နာကျင်မှုမျိုးကို ထပ်ပြီး မခံစားရဘဲ ရှောင်လွှဲနိုင်မှာ ဖြစ်တယ်လို့ ဂွတ်ဒ်ရဲ့ မိသားစုဝင် တစ်ဦးက ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ သေစေနိုင်တဲ့ ဆေးတွေ နှစ်ကြိမ် ထိုးသွင်းပြီးတဲ့ထိ မသေခဲ့တဲ့ လူသတ်တရားခံ အမျိုးသမီးအတွက် သေဒဏ် စီရင်မှုကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

Facebook