Connect with us

Hi, what are you looking for?

သတင်း

ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးတရားစွဲဆိုခံရသည့် အမျိုးသားတစ်ဦး အင်းစိန်အထူးတရားရုံးမှ ထွက်ပြေးလွတ်မြောက်

“အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်” စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။

စစ်ကောင်စီက ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးတရားစွဲဆိုထားသည့် အမျိုးသားတစ်ဦး အင်းစိန်မြို့နယ်အထူးတရားရုံးမှ ထွက်ပြေးလွတ်မြောက် သွားကြောင်း ရန်ကုန်တိုင်း တရားရေး အသိုင်းအဝိုင်းက အတည်ပြုသည်။

အဆိုပါအမျိုးသားသည် အင်းစိန်မြို့နယ် အထူးတရားရုံး၌ ဇူလိုင် ၂၀ရက်က ရုံးထုတ်စစ်ဆေးခံရစဥ် စစ်ကောင်စီလက်ပါးစေများလက်မှ လွတ်အောင်ထွက်​ပြေးနိုင်ခဲ့​ခြင်းဖြစ်သည်။

“အဲဒီသတင်းအမှန်ပဲ။ တရားစွဲခံရတဲ့သူ ထွက်ပြေးသွားလို့ ဝန်ထမ်းတွေရော ရဲတွေပါ ဒုက္ခတွေ့နေကြတယ်”ဟု ရန်ကုန်တိုင်းမှ တရားသူကြီးတစ်ဦးက ပြောသည်။

အထက်ပါ သတင်းသည် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက လူမှုကွန်ရက်တွင် ယ​နေ့(ဇူလိုင် ၂၂ရက်) စတင်ဖော်ပြလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်” စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။

ထွက်ပြေးလွတ်မြောက်သွားသူ၏ ကိုယ်ရေးအချက်အလက်များကို တော်လှန်ရေးအင်အားစုများက ဖုံးဖိထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင်တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project ကသတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ရထားပေါ်မှာရေတွေထွေးထုတ်ခဲ့လို့လူပြောများခဲ့တဲ့အမျိုးသမီးကို စင်ကာပူမှာ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။

သတင်း

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။