Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးတရားစွဲဆိုခံရသည့် အမျိုးသားတစ်ဦး အင်းစိန်အထူးတရားရုံးမှ ထွက်ပြေးလွတ်မြောက်

“အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်” စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။

စစ်ကောင်စီက ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးတရားစွဲဆိုထားသည့် အမျိုးသားတစ်ဦး အင်းစိန်မြို့နယ်အထူးတရားရုံးမှ ထွက်ပြေးလွတ်မြောက် သွားကြောင်း ရန်ကုန်တိုင်း တရားရေး အသိုင်းအဝိုင်းက အတည်ပြုသည်။

အဆိုပါအမျိုးသားသည် အင်းစိန်မြို့နယ် အထူးတရားရုံး၌ ဇူလိုင် ၂၀ရက်က ရုံးထုတ်စစ်ဆေးခံရစဥ် စစ်ကောင်စီလက်ပါးစေများလက်မှ လွတ်အောင်ထွက်​ပြေးနိုင်ခဲ့​ခြင်းဖြစ်သည်။

“အဲဒီသတင်းအမှန်ပဲ။ တရားစွဲခံရတဲ့သူ ထွက်ပြေးသွားလို့ ဝန်ထမ်းတွေရော ရဲတွေပါ ဒုက္ခတွေ့နေကြတယ်”ဟု ရန်ကုန်တိုင်းမှ တရားသူကြီးတစ်ဦးက ပြောသည်။

အထက်ပါ သတင်းသည် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက လူမှုကွန်ရက်တွင် ယ​နေ့(ဇူလိုင် ၂၂ရက်) စတင်ဖော်ပြလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်” စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။

ထွက်ပြေးလွတ်မြောက်သွားသူ၏ ကိုယ်ရေးအချက်အလက်များကို တော်လှန်ရေးအင်အားစုများက ဖုံးဖိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။

သတင်း

KIA သည် မတ်လ ၇ရက်မှစ၍ လိုင်ဇာအနီး စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်း ၂၀ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ အဆိုပါဒေသရှိ အမြင့်ဆုံးတောင်ဖြစ်သော ခရာတောင်စစ်ကောင်စီစခန်းကိုပါ သိမ်းပိုက်ထားသည်။