Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံထောင်မှာ ခေါ်ထုတ်စစ်ဆေးခံရတဲ့ နိုင်ကျဉ်း ၁၁ ဦး ထောင်ထဲပြန်ရောက်

အကျဉ်းထောင်ထဲကို လက်ကိုင်ဖုန်းသွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြင်းခြံထောင်ကနိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို အသုတ်လိုက်ခေါ်ထုတ်ပြီး စစ်ဆေးခဲ့တာပါ။

မြင်းခြံထောင်မှာ ခေါ်ထုတ်စစ်ဆေးခံရတဲ့ နိုင်ကျဉ်း ၁၁ ဦး ထောင်ထဲပြန်ရောက်
မြင်းခြံထောင်မှာ ခေါ်ထုတ်စစ်ဆေးခံရတဲ့ နိုင်ကျဉ်း ၁၁ ဦး ထောင်ထဲပြန်ရောက်

မန္တလေးတိုင်း၊ မြင်းခြံထောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အသုတ်လိုက် ခေါ်ထုတ်ရိုက်နှက်စစ်ကြောခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးထောင်ထဲ ပြန်ရောက်ပြီလို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ထံကသိရပါတယ်။

ကိုရှင်းသန့်ဟာ မြင်းခြံထောင်မှာအကျဉ်းကျနေတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေအကြောင်းသတင်းစုံစမ်းနေသူတစ်ဦးပါ။

အဲဒီ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး မေလ ၂၁ ရက်က စပြီး စစ်ဆေးခံနေရတဲ့သတင်းကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားခဲ့ပါတယ်။

ဒီလို ခေါ်ထုတ်စစ်ဆေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ စနေ ၊တနင်္ဂနွေ ( မေလ ၂၇ ရက်နဲ့ ၂၈ ရက်) မှာတော့ ထောင်ကိုပြန်ပို့လာတယ်လို့ ကိုရှင်းသန့်ရဲ့ပြောပြရက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆေးခံရသူတွေထံမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေရထားတဲ့သတင်းနဲ့ ဆေးကုခွင့်မပေးဘူးလို့လည်းသိရပါတယ်။

ဒါအပြင် စစ်ကြောမှုမှာ သေဆုံးသွားပြီလို့သတင်းထွက်နေသူ နိုင်ငံရေးအကျဉ်းသား ကိုဥက္ကာလည်း အသက်သေဆုံးတာမရှိဘဲ ဒဏ်ရာတွေနဲ့ ထောင်ကိုပြန်ရောက်လာတာကိုသိရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကဆိုပါတယ်။

အကျဉ်းထောင်ထဲကို လက်ကိုင်ဖုန်းသွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြင်းခြံထောင်ကနိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို အသုတ်လိုက်ခေါ်ထုတ်ပြီး စစ်ဆေးခဲ့တာပါ။

ထောင်ပိုင်ကြီးရုံးခန်းထဲမှာ ရိုက်နှက်စစ်ဆေးခဲ့ပြီး အဲဒီ စစ်ဆေးမှုကို မန္တလေးတိုင်း အကျဉ်းဦးစီးဌာနရဲ့ ညွှန်ချုပ်ကိုယ်တိုင် အနီးကပ်ကိုင်တွယ်တာသိရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

သတင်း

​မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။