Connect with us

Hi, what are you looking for?

သတင်း

မုတ်သုံအား​ကောင်း၍ တိုင်းနှင့်ပြည်နယ် သုံးခုမိုးကြီးနိုင်

မြန်မာနိုင်ငံအလယ်ပိုင်းမန္တ​လေးတိုင်းတွင်လည်း ယခုရက်ပိုင်းမိုးဆက်တိုက်ရွာသွန်း​နေသည်မှာ ၃ ၊၄ ရက်ရှိပြီဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

(ရန်ကုန်မြို့၌ မိုးသည်ထန်​​ခဲ့စဥ် ။ဓါတ်ပုံ-CJ)
(ရန်ကုန်မြို့၌ မိုးသည်ထန်​​ခဲ့စဥ် ။ဓါတ်ပုံ-CJ)

မြန်မာ့ကမ်းရိုးတန်းဒေသများ၌မုတ်သုံလေအားကောင်းနေပြီး ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်သုံးခု၌ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၅ရက်(ယ​နေ့)မှ ဇွန်လ ၁၈ရက်အတွင်း ရခိုင်ပြည်နယ်၊ ကချင်နှင့်မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးမည့်သတိပေးချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

” မိုးက ဆက်တိုက်ကို ကောင်းနေတာပါ။ ရွာရင်တစ်နာရီလောက် မနားတမ်းရွာတာ။ ချောင်းတွေတော့ ရေပြည့်ရေလျှံဖြစ်နေပြီ”ဟု တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းမန္တ​လေးတိုင်းတွင်လည်း ယခုရက်ပိုင်းမိုးဆက်တိုက်ရွာသွန်း​နေသည်မှာ ၃၊ ၄ ရက်ရှိပြီဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ယခုနှစ် အနောက်တောင်မုတ်သုန်လေသည် မြန်မာတစ်နိုင်ငံလုံးသို့ ဇွန်လ ၉ ရက်တွင် အပြီးသတ်ဝင်ရောက်ခဲ့သည်ဟု

MOHADMက သတင်းထုတ်ပြန်သည်။ မုတ်သုံလေဝင်ရောက်ပြီးပါက ဒေသအများစု မိုးကောင်းပြီး ရေကြီးရေလျှံလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။

သတင်း

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ ယခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။