Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ် CNDFနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့ထံ လက်နက်နှင့်အလင်းဝင်လာသူများကို ဆုငွေပေးအပ်

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)ထံ လက်နက်နှင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ဆုငွေပေးအပ်ခဲ့ကြောင်း CNO/CNDFက သတင်းထုတ်ပြန်သည်။

ချင်းတပ် CNDFနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့ထံ လက်နက်နှင့်အလင်းဝင်လာသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CNO၊Nway Oo Guerrilla Force

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)ထံ လက်နက်နှင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ဆုငွေပေးအပ်ခဲ့ကြောင်း CNO/CNDFက သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ ခလရ(၂၆၈)ခြေလျင်တပ်ရင်းမှ တပ်သား ဇင်မျိုးအောင်သည် ဇူလိုင် ၁၉ရက်က လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်ဟုဆိုသည်။

တပ်သားဇင်မျိုးအောင်သည် MA-1 (၁) လက်၊ ကျည်ဆံ (၁၅၀)တောင့်နှင့် အီနာဂါဗုံးသီး လေးလုံးယူဆောင်လာခဲ့၍ CNO/CNDFမှ ဂုဏ်ပြုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း CNO/CNDFထံ လက်နက်နှင့်အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများ ရှိခဲ့သည်။ CNO/CNDFသည် မတူပီမြို့သိမ်းတိုက်ပွဲ၌အောင်မြင်မှုရထားသည့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်ဖြစ်သည်။

ချင်းတပ် CNDFနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့ထံ လက်နက်နှင့်အလင်းဝင်လာသူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CNO၊Nway Oo Guerrilla Force

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force)က အသိပေးထားသည်။

ပျူစောထီး ဦးလှမျိုးသည် AK-(၁)လက်၊ ကျည်ဘောက်(၂)ခု၊ ကျည် (၁၁၀)၊ လက်ပစ်ဗုံး (၃)လုံး တို့ယူဆောင်လာပြီး မိသားစုနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာရာ ၎င်းတို့အား ဆုငွေ ကျပ် ၄၅ သိန်း ပေးအပ်ခဲ့ကြောင်း NOGFက ထုတ်ပြန်သည်။

ဦးလှမျိုးနှင့်မိသားစုအား ဘေးကင်းရာသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း အသိပေးထားပြီးဆက်လက်၍လည်း ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ် (ပျူ‌စောထီး)အဖွဲ့ဝင်များအား နွေးထွေးစွာ ကြိုဆိုကြောင်း ဖိတ်ခေါ်ထားသည်။

ထို့ပြင် လက်နက်ဖြင့်အလင်းဝင်လာသူများကို ထိုက်သင့်သည့် ဂုဏ်ပြုဆုငွေများ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်းလည်း NOGFက ထုတ်ပြန်ကာ shinyum59@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျန်နေသည့် စစ်ကောင်စီတပ်သားများ အလင်းဝင်လာရေး လက်ဆင့်ကမ်းပြောပေးရန် MNDAA တပ်မှူးပြော

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပြင်ဘက်ရှိတပ်ရင်းထဲသို့ ဆုတ်ခွာသွားပြီး မြို့မထိခိုက်စေရေးအတွက် လက်နက်ချရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

သတင်း

လက်ရှိတွင်လည်း ဖားဆောင်းမြို့သိမ်းနိုင်ရေးအပါအသင် ကရင်နီပြည်နယ်ရှိ စစ်ဒေသအသီးသီး၌ KNPLF တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားနေသည်။

သတင်း

ချင်းညီနောင်၊ မဟာမိတ် AA နှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ အကြား တစ်ပတ်ခန့်ကြာမြင့်ခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

Facebook