Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ VPN အသုံးပြုမှု စစ်ဆေးတာတွေပြန်ရှိလာ

ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်ကိုစစ်ကောင်စီက ပိတ်ပင်ထားပြီးနောက် လူထုက ဖေ့ဘွတ်ခ်သုံးရာမှာ VPN ကိုကြားခံ အသုံးပြုနေရပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေပုံ (ပုံဟောင်း)
မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေပုံ (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဌာန်းလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် အတွင်း လမ်းသွားလမ်းလာပြည်သူတွေကို VPN အသုံးပြုတာ ရှိ မရှိ စစ်ဆေးတာတွေ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူထံကသိရပါတယ်။

မနေ့ (ဇန်နဝါရီ ၇ ရက် ) မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ် ၊ လမ်း ၃၀ အနီး ဆေးတက္ကသိုလ်တဝိုက်မှာ စစ်ဆေးခံခဲ့ရတာလို့ ကြုံတွေ ခဲ့ရသူအမျိုးသားက ပြောပါတယ်။

ရဲ၊ ယာဥ်ထိန်းနဲ့ အရပ်ဝတ်အဖွဲ့တွေက သွားလာနေတဲ့ဆိုင်ကယ်တွေကို တားပြီး စစ်ဆေးနေတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ယာဥ်ထိန်းက ဆိုင်ကယ်နဲ့ပတ်သက်ပြီး စစ်တယ်၊ ရဲက ဖုန်းယူပြီး VPN ရှိမရှိစစ်တာ”လို့ စစ်ဆေးခံရတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

အခုလ ဇန်နဝါရီ ၁ ရက်နေ့မှာ ဆိုက်ဘာလုံခြုံရေးဉပဒေကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ပြဌာန်းပါတယ်။

အဲဒီဉပဒေမှာ ခွင့်ပြုချက်မရဘဲ ဗီပီအန် ( VPN ) ထူထောင်တာ ဒါမှမဟုတ် VPN ဝန်ဆောင်မှုပေးရင် ထောက်ဒဏ် ၆ လအထိ ချနိုင်တဲ့ ဆိုင်ဘာလုံခြုံရေးဉပဒေကို စစ်ကောင်စီက ဇန်နဝါရီလ ၁ ရက်မှာထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်ကိုစစ်ကောင်စီက ပိတ်ပင်ထားပြီးနောက် လူထုက ဖေ့ဘွတ်ခ်သုံးရာမှာ VPN ကိုကြားခံ အသုံးပြုနေရပါတယ်။

ဇန်နဝါရီ ၁ရက်က ပြဌာန်းလိုက်တဲ့ စစ်ကောင်စီ ဉပဒေ ရဲ့ ပြစ်မှု ပြစ်ဒဏ်ပိုင်းမှာ တော့ ခွင့်ပြုချက်မရ ဘဲ မည်သူမဆို VPN ထူထောင်တာ ဒါမှမဟုတ် VPN ဝန်ဆောင်မှုပေးရင် ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ ချနိုင်သလို ၊ ငွေဒဏ်ချမယ်ဆိုရင်လည်း ကျပ်ဆယ်သိန်းကနေ ကျပ်သိန်းတစ်ရာအထိ ချမှတ်ရမယ်လို့ပါရှိပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနဲ့ VPN သုံးစွဲရင် ဒီဉပဒေ နဲ့ ညှိစွန်းမှု ရှိ မရှိကို စစ်ကောင်စီ က ရှင်းရှင်းလင်းလင်း မရေးထားပါဘူး။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့မြို့ကြီးတွေမှာ ပြည်သူတွေကို VPN သုံးစွဲတာ ရှိ မရှိ စစ်ဆေးပြီး ဖမ်းဆီးအရေးယူတာ ၊ငွေညှစ်ခံရတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါသေးတယ်။

စစ်ကောင်စီကတော့ နိုင်ငံ ရဲ့အရေးကြီးအချက်အလက်တွေ လုံခြုံဖို့ ၊ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းမှု ထိခိုက်စေတာက ကာကွယ်ဖို့ ဆိုက်ဘာ လုံခြုံရေးဉပဒေကို ပြဌာန်းရတာလို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။