Connect with us

Hi, what are you looking for?

သတင်း

စိုက်ပျိုးစာရိတ်​ချေး​ငွေပြန်ဆပ်ရန် ခြိမ်း​ခြောက်​တောင်း​နေ​သူများကို PDF သတိ​ပေး

စိုက်ပျိုးရေးစရိတ်ချေးငွေ ကြွေးကျန်ပြန်မဆပ်ပါကလယ်မြေသိမ်းပြီးတောင်သူသားသမီးများအား စစ်မှူးထမ်းရန်ခေါ်မည်ဟုဆိုကာခြိမ်းခြောက်ထားသည့် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

ကျုံ​ပျော်မြို့နယ်တွင် စိုက်ပျိုး​ရေးစာရိတ်​ချေး​ငွေပြန်ဆပ်ရန် ​ စစ်​ကောင်စီ၏ မြို့နယ်ရုံးမှသတိ​ပေးထားသည့်စာ။ ဓါတ်ပုံ-ကျုံ​ပျော် PDF

ကဖေး/People’s Spring

စိုက်ပျိုးရေးစရိတ်ချေးငွေ ကြွေးကျန်ပြန်မဆပ်ပါကလယ်မြေသိမ်းပြီးတောင်သူသားသမီးများအား စစ်မှုထမ်းရန်ခေါ်မည်ဟုဆိုကာခြိမ်းခြောက်ထားသည့် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း နှင့် မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာ ဒေါ်အေးသီတာသည် ဒေသခံတောင်သူလယ်သမားများအား‌ စိုက်ပျိုးရေးစရိတ်ချေးငွေကြွေးကျန်များကို ဇန်နဝါရီလ ၂၄ရက်နေ့ နောက်ဆုံးထားဆပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သတိပေးစာပို့၍ ခြိမ်းခြောက်တောင်းခံနေသည်ဟု ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ဦးမြင့်ထွန်းနှင့် ဒေါ်အေးသီတာအား သတိပေးခြင်း “ဟု ထုတ်ပြန်ထားသည့်သတိပေးစာ၌ စစ်အာဏာသိမ်းမှုကြောင့် အဘက်ဘက်မှ အကျပ်

Public Service Announcement

Public Service Announcement

အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် လယ်သမားများအား ခြိမ်းခြောက်၊ ဆင့်ခေါ်၊ တောင်းရမ်းမှုများကို ဆက်လုပ်နေမည်ဆိုပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ဦးမြင့်ထွန်းနှင့် ဒေါ်အေးသီတာတို့က လယ်သမားများအား ပို့သည့်သတိပေးစာတွင် ဥပဒေနှင့်အညီအရေးယူမည်ဆိုသော်လည်း ကြွေးမဆပ်ပါက ပုံစံ(၇)သိမ်းကာ လယ်ယာမြေများကို သိမ်းယူခြင်း၊ ဖမ်းဆီးထောင်ချခြင်းနှင့် သားသမီးများကို စစ်မှုထမ်းအဖြစ် ခေါ်ယူခြင်းများ ပြုလုပ်သွားမည်ဟု အုပ်ချူပ်​ရေးမှူးများကို ​ပြော၍သတင်းပါးစေကာ ခြိမ်းခြောက်တောင်းခံနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လယ်သမားတွေက ရာချီတယ်။ အကျပ်ရိုက်နေတော့ PDF ကို အကူအညီတောင်းကြတာဖြစ်မယ်။ စပါးဈေး၊ဆန်ဈေးဘာမှမကောင်းသလို ဘာဝင်ငွေမှလည်း မရှိကြတော့ တောင်သူလယ်သမားတွေတော်တော်လေးခက်ခဲနေကြတယ်” ဟု ဒေသခံလယ်သမားတစ်ဦးကပြောသည်။

ထိုအပြင် ​အမျိုးသားညီညွတ်​ရေး အစိုးရ(NUG)ကလည်း ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်တွင် ပြည်သူများအဆင်​ပြေ​စေရန်ထုတ်​ချေးခဲ့​သော စိုက်ပျိုးစာရိတ်​ချေး​ငွေများကို ​လျှော်​ပေးလိုက်ပြီဖြစ်ပြီး စစ်​ကောင်စီကို မ​ပေးကြရန် ​ကြေညာထားသည်။

ဦးမြင့်ထွန်းသည် စစ်ကိုင်းတိုင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး PDFများအား မကြောက်ဟု ဌာနတွင်းအစည်းအဝေးတွင် ပြောခဲ့သည့်သတင်းအချက်အလက်များကိုလည်းရရှိထားကြောင်းလည်း ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် လက်ရှိ၌ ရွှေသောင်ယံမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်နှင့်နယ်စပ်ဒေသအချို့၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ခံစစ်ပြင်ဆင်နေသည့်အနေအထားဖြစ်သည်။ ကျုံပျော်မြို့တွင်လည်း တိုက်လေယာဉ်များဆင်းသက်နိုင်သည့် လေယာဉ်ကွင်းဆောက်ရန်စစ်ကောင်စီက ပြင်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။