Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နွံကန်ပြိုကျမှု သေဆုံးသူများကိုသင်္ဂြုလ်

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် တူးဖော်တွေ့ရှိသည့် ရုပ်အလောင်း ၃၁ လောင်းကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်​နေ့ ) သင်္ဂြုလ်မည်ဖြစ်သည်။

နွံကန် ပြိုကျပြီး​သေဆုံးခဲ့သူများကို သပိတ်သွပ်တရားနာစဥ်။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် တူးဖော်တွေ့ရှိသည့် ရုပ်အလောင်း ၃၁ လောင်းကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်​နေ့ ) သင်္ဂြုလ်မည်ဖြစ်သည်။

စဘော့ကျေးရွာမှနွံကန်သည် ဇန်နဝါရီ ၁၃ရက် နံနက် ၁နာရီခန့်တွင် ပြိုကျပြီး ရွာအတွင်းရှိ အိမ်ခြေ ၅၇ကျလုံး အိမ်ခေါင်မိုး မြုပ်လုနီးပါးအထိ နစ်မြုပ်သွားခဲ့သည်။

ဇန်နဝါရီ ၁၃ရက် နံနက်မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ရာ ဇန်နဝါရီ ၁၆ ရက်ညနေအထိ ရုပ်အလောင်း ၃၁လောင်းတွေ့ရှိခဲ့သည်။ကလေးငယ်အချို့နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်းပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

နွံကန် ပြိုကျပြီး​သေဆုံးခဲ့သူများကို သပိတ်သွပ်တရားနာစဥ်။ ဓါတ်ပုံ-CJ

နွံကန်ပြိုကျစဉ် ထွက်ပြေးလွတ်မြောက်လာသူအချို့လည်းရှိပြီး သေဆုံးသူသည် အနည်းဆုံး ၁၀၀ကျော်နိုင်ကြောင်း ဒေသခံများကခန့်မှန်းထားသည်။ အချို့က ၁၇၀ ကျော် ပျောက်ဆုံးသွားသည်ဟု ​ပြောဆိုကြသည်။

ရှာဖွေကယ်ဆယ်ရေးကို ဇန်နဝါရီလ၁၅ရက်နေ့ညနေတွင် ရပ်နားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သပိတ်သွပ်တရားနာခြင်း၊ ဆုတောင်းခြင်းတို့ပြုလုပ်ပြီး မကြာမီ မီးရှို့သင်္ဂြုလ်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။