Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာလို့ ခရီးသည်တင်ကားတွေထက်ဝက်လျော့ချပြေးဆွဲနေရ

ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာတာကြောင့် မန္တလေး − ပြင်ဦးလွင်ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ တဝက်လောက်အထိလျော့ချပြေးဆွဲနေရတယ်လို့ အဲဒီကားဂိတ်တွေဆီက သိရပါတယ်။

ပြင်ဦးလွင်မြို့အဝင် တနေရာအား မြင်တွေ့ရစဉ်၊ ဓာတ်ပုံ − CJ

မေ/People’s Spring

ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာတာကြောင့် မန္တလေး − ပြင်ဦးလွင်ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ တဝက်လောက်အထိလျော့ချပြေးဆွဲနေရတယ်လို့ အဲဒီကားဂိတ်တွေဆီက သိရပါတယ်။

“ဘာသတင်းတွေကြားပြီးမလာကြတော့တာလည်း မသိဘူးဗျာ။လမ်းတွေဆိုလည်း ရှင်းနေတာပဲ။ကားတွေလည်းလူကို မရဘူး”လို့ ကားပြေးဆွဲနေသူတစ်ဦးက ပြောပါတယ်။

ယခုလအတွင်း ပြင်ဦးလွင်မြို့ကိုသွားရောက်သူတွေဟာ တဝက်ကျော်အထိလျော့ကျသွားတာလို့ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ကဆိုရင် ၁နာရီကို ကား၂စီးကနေ၊၃စီးအထိ အတက်၊အဆင်းရှိတယ်။အခုက ၃နာရီလောက်မှ ၁စီးပဲထွက်နေရတာ။အဲဒီတစီးတောင် ခရီးသည်တွေ တမြို့လုံးပတ်စုပြီးမှထွက်ရတာ”လို့ နာမည်ကြီးကားဂိတ်တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရီးသည်တင်ကားတစ်စီးကို အရှေ့ခန်း၁ယောက်နဲ့အနောက်ခန်း၃ယောက်စုစုပေါင်း ၄ယောက် တင်ဆောင်တာဖြစ်ပြီး ယခုလအတွင်းမှာ ခရီးသည်မရတာမို့ ၃ယောက်နဲ့ပြေးဆွဲပေးရတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေး-ပြင်ဦးလွင်ပြေးဆွဲနေတဲ့ EVကားတွေလည်း ခရီးသည်မရှိတာမို့ အချိန်တွေလျော့ချပြေးဆွဲနေရတယ်လို့ သိရပါတယ်။

ယခင်က မနက်၈နာရီလောက်ကနေ ညနေ၅နာရီအထိ ဆက်တိုက်ကားပြေးဆွဲနေရာကနေ ယခုလမှာ နေ့ခင်း ၁၂နာရီကနေ ညနေ၄နာရီလောက်အထိသာ ပြေးဆွဲရတော့တယ်လ်ို့ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ စစ်မှုထမ်းအတွက်ပေါ်တာဆွဲတဲ့သတင်းတွေထွက်ပေါ်သလို မန္တ​လေး-ပြင်ဦးလွင်လမ်းပိုင်းကို ယခင်ကထပ်ပိုပြီး ကြပ်ကြပ်တည်းတည်းစစ်ဆေးတာတွေကြောင့်လည်း ခရီးသွားလျော့လာတာတွေဖြစ်နိုင်တယ်လို့ ကားသမားတွေက ပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်ကနေ လားရှိုးမြို့သွားရာလမ်းပိုင်းက နောင်ချိုမြို့နယ်အစပ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။