Connect with us

Hi, what are you looking for?

သတင်း

ခရီးသွားတွေရဲ့ ဖုန်းတွေမှာ စစ်ဆေးရေးဂိတ်တွေက စစ်​​ဆေးမေးမြန်းနိုင်တဲ့ ဓါတ်ပုံနဲ့ ရုပ်သံတွေ ထည့်မလာဖို့ ခရီးသွားဝန်ဆောင်မှုအသင်း ကြေညာချက်ထုတ်

စစ်တပ် အလိုကျထုတ်ပြန်တာဖြစ်ပြီး ပိုကျပ်တည်းအောင်ခြိမ်းခြောက်နေဟု ပြည်သူအချို့ပြော

(ခရီးသွားယာဥ်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံံ-ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း)

စက်တင်ဘာ ၂၃၊ ၂၀၂၆။ဇေအောင်/People’s Spring

ခရီးသွားပြည်သူတွေရဲ့ ဖုန်းတွေမှာ စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်​​ဆေးမေးမြန်းနိုင်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေ ထည့်မလာဖို့ တားမြစ်ထားတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်ကို ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းက ထုတ်ပြန်လိုက်ပါတယ်။

ခရီးသွားများတဲ့ရာသီဖြစ်တဲ့ သီတင်းကျွတ်ကာလ ရောက်ကာနီးအချိန်မှာ ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းကနေ ​ဘုရားဖူးယာဉ်တွေ ဘေးကင်းလုံခြုံစွာထွက်ခွာနိုင်ရေးနဲ့ လမ်းခရီးစဉ်အတွင်း လိုက်နာရှောင်ကြဉ်ရမည့်အချက်အလက်တွေဆိုပြီး စက်တင်ဘာ ၂၁ ရက်က ကြေညာချက်တစ်​စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ခရီးသည်တွေရဲ့ ဖုန်းထဲမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ မပါရှိစေရန်ဆိုတဲ့ ညွှန်ကြားချက်ကို ထည့်သွင်းရေးသားထားပါတယ်။ ဘယ်လို ဥပဒေနဲ့မညီညွတ်တာတွေဆိုတာကိုတော့ ရှင်းပြထားခြင်း မရှိပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ခရီးသည်အားလုံး နိုင်ငံသားစိစစ်ရေးကတ်နဲ့ ရဲစခန်းကနေ ခရီးသွားထောက်ခံစာကိုလည်း ယူဆောင်လာဖို့ ညွှန်ကြားထားပါတယ်။

စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေဟာ ယခင်ကတည်းက ၎င်းတို့မသင်္ကာသူတွေရဲ့ ဖုန်းတွေကို ယူစစ်လေ့ရှိကြောင်း၊ ဒီထုတ်ပြန်ချက်တွေဟာ စစ်ကောင်စီအလိုကျ ခရီးသွားတွေကို ပိုမိုကျပ်တည်းအောင် စီစဥ်နေတာသာဖြစ်ကြောင်း ခရီးသွားလာနေကျ ပြည်သူအချို့က ပြောပါတယ်။

“ဒီထုတ်ပြန်ချက်တွေ မတိုင်ခင်ကလည်း တော်တော်လေးကိုကျပ်တယ်။ ခုနောက်ပိုင်းဆိုရင် မျက်လုံး Scan ဖတ်တာတွေ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို သွားတဲ့ ကားတွေမှာလည်း လာသမျှ လူတွေကို

မျက်လုံး Scan တွေဖတ် မှတ်ပုံတင်တွေဖတ် စာရင်းတွေသွင်းနေတာ။ တဖြည်းဖြည်းနဲ့ လူထုကို ချုပ်ကိုင်လာတဲ့ သဘောပေါ့ဗျာ”လို့ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ခရီးသွားလာနေသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းကတော့ Guide ဧည့်လမ်းညွှန်တွေကိုလည်း လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံညွှန်ကြားထားပါတယ်။

ယာဉ်ထွက်ချိန် မနက်(၅)နာရီနဲ့ နောက်ပိုင်းစတင်ထွက်ခွာဖို့နဲ့ ည ၈ နာရီကနေ ၁၀ နာရီအတွင်း စုရပ်သို့ ပြန်ရောက်ဖို့၊ ခရီးသွားစဉ် လမ်းခရီးထူးခြားဖြစ်စဉ်တွေကို အသင်းဝင်ဂိတ်အချင်းချင်း အသိပေးတာနဲ့ DPTOA Member Group ထဲစာရေးသားပို့ပြီး အသိပေးဖို့ ထပ်မံညွှန်ကြားထားပါတယ်။

ဒါ့အပြင် အသင်းဝင်ကတ်နဲ့ လုပ်ငန်းလိုင်စင်တွေကို မိတ္တူဆွဲပြီး ထွက်ခွာမယ့် ယာဉ်ပေါ်ယူဆောင်သွားဖို့၊ လုပ်ငန်းရှင်တွေအားလုံး ဟိုတယ်ခရီးရဲ့ ခရီးလှည့်လည်ရေး လိုင်စင် DPTOA ရဲ့ထောက်ခံချက်နဲ့ တိုင်းဒေသကြီးက ထုတ်ပေးတဲ့ လိုင်စင်ရယူထားဖို့၊ လုပ်ငန်းလိုင်စင်တွေ၂လအတွင်းလျှောက်ထားကြဖို့၊ ခရီးသည်တွေ အိမ်အပြန် အငှားယာဥ်ငှားပေးဖို့နဲ့ အဆက်အသွယ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဆောင်းပါး

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

Facebook