Connect with us

Hi, what are you looking for?

သတင်း

ကပစ(၂၁)တိုက်ခိုက်မှု ‌စစ်ကောင်စီီတပ် ထိခိုက်မှုရှိဟု BWM ဆို

မကွေးတိုင်း၊ ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁) တိုက်ခိုက်မှုတွင် အရာရှိနှစ်ဦးအပါအဝင် ကိုးဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors For Myanmar (BWM)မှတာဝန်ရှိသူက ပြောသည်။

သတိုး/People’s Spring

မကွေးတိုင်း၊ ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁) တိုက်ခိုက်မှုတွင် အရာရှိနှစ်ဦးအပါအဝင် ကိုးဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors For Myanmar (BWM)မှတာဝန်ရှိသူက ပြောသည်။

အဆိုပါစက်ရုံကို ဇန်နဝါရီ ၁၈ရက် ညနေ ၄နာရီခွဲတွင် ၁၀၇ မမ ရှော့တိုက်ဒုံးရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ခုနစ်လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု BWMက အသိပေးထားသည်။

ထိခိုက်မှုများအနေဖြင့် ပင်မအဆောက်အဦး သုံးခုပျက်စီးခဲ့ပြီး ထုတ်လုပ်ထားသည့် ဗုံးသီးများထားသော Technical store တစ်ခုပျက်စီးခဲ့သလို ယမ်းချက်ဂိုဒေါင်လည်း မီးလောင်ခဲ့သောကြောင့် အချိန်အတော်ကြာမီးငြှိမ်းသတ်ခဲ့ရသည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီ၏ ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ကပစ(၂၁)သည် စစ်ကောင်စီ၏‌လေ‌ကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ၊ Cluster ဗုံးသီးများအပါအဝင် တိုက်လေယဥ်သုံး ဗုံးသီးအမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေ‌ သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကဆိုသည်။

အဆိုပါစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM)အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle)အဖွဲ့ ၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay) အဖွဲ့နှင့် ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းလုပ်​ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

BWM နှင့် မဟာမိတ်အဖွဲ့များက လေတပ်ဆက်စပ်ပစ်မှတ်နှင့် အရေးပါသော အကြီးစားစစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

BWM အနေဖြင့် ဇန်နဝါရီအတွင်း မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်း၍ ဇန်နဝါရီ ၄ ရက်တွင် တောင်ငူလေဆိပ် ၊ ဇန်နဝါရီ ၁၄ ရက်တွင် စစ်ကောင်စီအရာရှိကြီးများတက်ရောက်၍ ညစာစားပွဲကျင်းပသည့်ကယားပြည်နယ်ခန်းမ၊ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်-ဒကစ(လွိုင်ကော်)၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) နှင့် ဇန်နဝါရီ ၁၈ရက်တွင် ကပစ-(၂၁)ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်နေသည်ဟု သတင်းရရှိသောကြောင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ဩဂုတ်-၂၀၊၂၀၂၅။သတိုး/People’s Spring မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်း(တတက-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူက ပြောသည်။ “ သပိတ်ကျင်းနဲ့မိုးကုတ်ကို ထိုးစစ်ဆင်ဖို့တပ်အထိုင်ထားတဲ့စခန်းလည်းဖြစ်တာမို့ သူတို့ကိုချေမှုန်းပေးခြင်းဖြင့် နယ်မြေခံတော်လှန်ရေးအင်အားစုတွေကို တဖက်တလမ်းက အားဖြည့်ပေးတဲ့မစ်ရှင်တခုပါပဲ”...

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ လေးမိုင်ရှိ စစ်ကောင်စီ၏ အမှတ်(၃၉)ခြေလျင် တပ်ရင်း (ခလရ-၃၉) ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောသည်။