Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ တောင်ငူခရီးစဉ်သတင်းရလို့ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဇွန်-၆၊၂၀၂၆။သတိုး/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“မအလခရီးစဉ်ဆိုတော့သူလာမယ့်နေရာအနီးတဝိုက်ကလုံခြုံရေးကပုံမှန်ထက်တင်းကြပ်သလို စစ်ကြောင်းတွေကလည်နဂိုကတည်းကအထပ်ထပ်ရှိနေတာ။ အဲ့ကြားထဲဝင်ပစ်ရတာအတော်စွန့်စားရတယ်” လို့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြောပါတယ်။

ဒီစစ်ဆင်ရေးကို ဇွန် ၆ ရက် ညနေ ၄ နာရီခွဲလောက်မှာ မင်းအောင်လှိုင်ဝင်ရောက်မယ်လို့ သတင်းရထားတဲ့ တောင်ငူ မဆရ ၃ စစ်ဆေးရုံနဲ့ ကေတုမတီလေဆိပ် ကို ၁၀၇ မမရှော့တိုက်ဒုန်း နှစ်လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီစစ်ဆင်ရေးကို BWMရဲ့ အထူးစစ်ဆင်ရေးအဖွဲ့ နဲ့အတူ KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်‌ဆင်ရေးလုပ်ဆောင်သူအားလုံး ဘေးကင်းတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

“အချိန်ကပ်တော့ အလုံးရေအများကြီး မစီစဉ်လိုက်နိုင်ဘူး။ ရအောင်တော့ပစ်မယ်ဆိုပြီး ကြိုးစားခဲ့တယ်။” လို့ ပြောပါတယ်။

တောင်ငူခရီးစဉ်ကို ပြည်ထောင်စုဝန်ကြီးလာမယ်လို့ အသိပေးထားတာဖြစ်ပြီး လုံခြုံရေးတွေ အနေနဲ့ ခပေါင်းခန်းမ ပတ်လည် ၊ မီးရထားသံလမ်း လမ်းဆုံ လမ်းခွတွေ မှာ နေရာယူထားသလို မြို့တွင်းမှာလည်း လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်သား ၆ ဦး Double Cub နဲ့ ကင်းလှည့်နေတယ်လို့ သိရပါတယ်။

BWM အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့အတူ တော်လှန်ရေး ပြီးဆုံးသည်အထိ ပါဝင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်တပ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေ ပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။