Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းစေခိုင်းခံရသည့် စစ်သားများ နီးစပ်ရာတော်လှန်ရေးတပ်များထံ ရရာနည်းဖြင့်လက်နက်ချအလင်းဝင်ကြရန် KNU တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်မှုထမ်းစစ်သား (၄)ဦး လယ်ဒိုမြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉)ထံ အလင်းဝင်လာစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ပေါ်တာဆွဲပြီး အတင်းအဓ္မစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း စစ်သား (၄) ဦး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉)ထံ လက်နက်ချအလင်းဝင် ရောက်လာမှုကို အသိပေးစဉ် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။

ကော့သောင်းအစြေခိုက် ခမရ(၅၈၄)မှ တပ်သား ၄ဦးသည် KNLAတပ်ရင်း (၉)ထံ ဖေဖော်ဝါရီ ၄ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူများမှာ ဒုတပ်ကြပ်ညီညီလွင်၊ တပ်သား ကိုမြင့်ဝင်း၊တပ်သားမျိုးမင်းသက်နှင့် တပ်သားစောအေးဖရေတို့ ဖြစ်ပြီး MA-4 တွဲပစ်လောင်ချာ (၁) လက်၊ MA-1 (၂) လက်၊ ကျည် (၇၅) တောင့် နှင့် ကျည်ဘောက် (၃)ခု စသည်တို့ ယူဆောင်လာခဲ့သည်ဟုဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ပေါ်တာဆွဲခံခဲ့ရပြီး ပြည်သူစစ်မှုထမ်းအဖြစ်သို့ ၎င်းတို့၏ ဆန္ဒမပါဝင်ဘဲ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို ခံခဲ့ရသူများဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ လက်နက်ချ အလင်းဝင်လာသော စစ်ကောင်စီတပ်သား လေးဦးအား လယ်ဒိုမြို့ တာဝန်ရှိသူများနှင့် တပ်ရင်း (၉)တာဝန်ရှိသူများမှ ပူးပေါင်းပြီး တစ်ဦးလျှင် ကျပ် (၁၀)သိန်းစီ ချီးမြှင့်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

KNU အပါအဝင် နိုင်ငံတဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်မှု၊ အဖမ်းခံရမှုနှင့် တိုက်ပွဲအတွင်း သေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယင်းသို့ သေဆုံးထိခိုက်ဖမ်းဆီးခံရမှုနှင့် အလင်းဝင်လာသူများထဲတွင် စစ်ကောင်စီက အဓမ္မစုဆောင်းခြင်းခံထားရသည့် ပြည်သူစစ်မှုထမ်းများလည်း ပါဝင်နေသည်ကို တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်၌ တွေ့ရသည်။

KNU တပ်မှူးတစ်ဦးဖြစ်သည့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက စစ်ကောင်စီလက်အောက်ရှိ စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ခေါင်းဆောင် အာဏာရှင်တစုအတွက် အသုံးချခံ အသေခံနေရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ သူတို့ တိုက်နေတာသည် ပြည်သူပဲ။ ကျနော်တို့က ပြည်သူကို ကာကွယ်ပြီး တော့ ပြန်ပြီးတော့ ဝိုင်းတိုက်ပေးတာပဲရှိတယ်။ သူတို့သည် ပြည်သူကို တိုက်နေတယ်ဆိုရင် သူတို့ ဘာအတွက် လက်နက်ကိုင်သလဲ။ ဒီနိုင်ငံမှာ သူတို့ကိုယ်သူတို့ တပ်မတော်တစ်ရပ်လို့ ခံယူထားပြီးတော့ သူတို့က ဘာကြောင့် ပြည်သူကို ပြန်သတ်နေသလဲ။ ပြည်သူတင်မြောက်ထားတဲ့ ဒီမိုကရေစီ အစိုးရကိုဘာကြောင့် အာဏာသိမ်းပြီး ဖြုတ်ချရသလဲ။ ဒါကိုလည်း စစ်ကောင်စီလက်အောက်မှာ ရှိတဲ့ တပ်သားတွေ ကောင်းကောင်းသိဖို့လိုတယ်”ဟု ဗိုလ်မှူးဒါဘောက ပြောသည်။

အဓိပ္ပါယ်မဲ့အကြောင်းမရှိသည့် လုပ်ရပ်များ မလုပ်ကြရန် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူးက သတိပေးသည်။

“ ဒီနယ်မြေ ဒီဒေသမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောချင်တာ မင်းတို့ အဓိပ္ပါယ်မဲ့တဲ့အလုပ်တွေ မလုပ်ကြပါနဲ့။ အလဟသ ကြီး ပြည်သူတွေအမုန်းခံပြီး သေမယ့်အစား ပြည်သူနဲ့လာပူးပေါင်းပြီးမှ လိုအပ်ရင်လိုအပ်သလို ဒီအာဏာရှင်ကို ဝိုင်းပြီးဖြုတ်ချပါလို့ ကျနော့်အနေနဲ့ ပြောချင်တယ်” ဟု ကော်ဘရာ စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။