Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIA ထပ်မံ သိမ်းပိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အမှတ်(၅၀၁၄) တင့်ကားတပ်ရင်း​ရှေ့တွင် KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- Myu Tsaw Kasa၊CJ

■စကခ-၂၁တပ်ဌာနချုပ်ကိုမကြာမီ သိမ်းနိုင်မည့် အလားအလာရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်ရင်းကို ပြီးခဲ့သည့် နှစ်ရက်ခန့်ကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးဖေဖော်ဝါရီ ၁၀ရက်တွင်မှ သိမ်းပိုက်ရရှိမှု အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လေကြောင်း လုံခြုံရေးအရ နောက်ကျတင်တာပါ။ ရန်သူက တင့်ကားတွေ အပြင်ထုတ်ပြီးသုံးနေတာကြာပြီ။ တပ်မှာမထားပါ”ဟု ကချင်သတင်းရင်းမြစ်က တင့်ကား တပ်ရင်းမှ တင့်ကားများသိမ်းပိုက်ရရှိမှု ရှိ ၊မရှိမေးမြန်းချက်အပေါ် ​ပြောသည်။

သို့​သော်တင့်ကား တပ်ရင်းသိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားရာ မကြားမိသေးဟု ဖြေကြားသည်။

KIAသည် ဇန်နဝါရီ လ ၂၅ရက် ကလည်း ဗန်းမော် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)တပ်အနီးရှိ အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ရာ သံချပ်ကာ ယာဉ် ၇စီးသိမ်းရခဲ့ကြောင်း KIAကအတည်ပြုထားသည်။

ထို့ပြင် ဖေဖော်ဝါရီ လဆန်းတွင် စကခ(၂၁) အနီးရှိ အမှတ်(၃၆၆)အမြောက်တပ်ရင်းကိုလည်း KIAက သိမ်းပိုက်ထားသည်။ ထိုအပြင် ဗန်​​မော် လေယာဉ်ကွင်း၊ စရဖရုံး စသည့် စစ်တပ်တပ်စွဲရာ​နေရာများကိုလည်း KIAက သိမ်းပိုက်ထားသည်။

ဆက်လက်၍ စကခ(၂၁) အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ စကခ (၂၁)တပ် ဌာနချုပ်ကိုလည်း မကြာမီ အပြီးသတ် သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စကခ-၂၁ ကိုကာဘာလုပ်ထာတဲ့တပ်ရင်းတွေ။အမတ-၃၆၆/ အမှတ်-၅၀၁၄ တင့်ကားတပ်/ အမှတ်-၆၀၀၇ သံချပ်ကာတပ်/ ခလရ-၂၃၆/ ဒုံးတပ်ရင်း။ဒါတွေပဲ။ အမတ-၃၆၆/ အမှတ်-၆၀၀၇ သံချပ်ကာ/ အမှတ်-၅၀၁၄ တင့်ကားတပ် ဒါတွေရထားပြီ”ဟု အခြား ကချင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ တိုက်ပွဲကာလ နှစ်လကျော်ကြာပြီဖြစ်သည်။KIA နှင့်ပူး​ပေါင်းတပ်များက စစ်တပ်ကို ကုန်​ကြောင်း၊​ရေ​ကြောင်းမှစစ်ကူမပို့နိုင်​အောင် ဖြတ်​တောက်ပိတ်ဆို့၍ တိုက်ခိုက်​နေသည်။ ထို​ကြောင့် စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများအဓိကအသုံးပြု၍ ခုခံလျက်ရှိသည်။

“တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲလို့ပဲ သိရှိထားပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်း အပါအဝင် ပုံမှန် အတိုင်းပဲ ဒရုန်းနဲ့ရော လက်နက်ကြီးတွေနဲ့ရော ပစ်ခတ်ပြီးတော့ တောက်လျှောက်ခုခံနေဆဲပါ”ဟု ကချင် စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။ တိုက်ပွဲ အလွန်ပြင်းထန်နေ၍ နှစ်ဖက် ထိခိုက်ကျဆုံးရှိကြောင်း ဒေသခံထံသတင်းရရှိထားဟု ၎င်းကဆိုသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်​များကမူ ယခုရက်ပိုင်း ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကအသာရ​နေ​ကြောင်း ဆက်တိုက်ဝါဒဖြန့်ချီ​ရေးသား​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။