Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသည့် လူငယ်တစ်ဦး အဆုံးစီရင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် သာယုကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်မှုထမ်းရန်ခေါ်ဆောင်ခံထားရသည့် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ကဖေး/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် သာယုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်မှုထမ်းရန်ခေါ်ဆောင်ခံထားရသည့် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

သာယုကျေးရွာအနီး သစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေသည့်အမျိုးသားကို ယနေ့ (ဖေဖော် ဝါရီ ၁၁ ရက်) နံနက်အစောပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

” လူငယ်တွေ အရမ်းစိတ်ဓာတ်ကျနေတယ်။ ကျမတို့ ဒေသမှာ ဒီသတင်းတွေ မကြာခဏကြားနေရတယ်။ အခုသေဆုံးတဲ့ကောင်လေးကိုလည်း သူ့မိဖတွေဆီ အကြောင်းကြားဖို့ လုပ်နေကြတယ်။ စစ်သားစုတဲ့စာရင်းထဲပါတယ်လို့ ကြားတယ်” ဟု ဖယ်ခုံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်၊ပအိုဝ်ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်နှင့်PNOက လူငယ်များအားဖမ်းဆီးပြီး စစ်သားစုဆောင်းနေကြောင်း ဒေသခံစစ်ဘေးရှောင်အချို့က ပြောသည်။

ထို့အပြင် ရွှေညောင်မြို့တွင်လည်း စစ်မှုထမ်းစာရင်းပါသည့် အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦး ဖေဖော်ဝါရီ ၄ရက်က ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၅ရက်ကလည်း အောင်ပန်းမြို့တွင် အသက်(၂၀)ကျော် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပြီး ယင်းအမျိုးသားသည် စစ်မှုထမ်းရန် ခေါ်ဆောင်ခံထားရသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားများအား စစ်သားစုဆောင်းနေသည်။

ရှေ့တန်းသို့ပါသွားသူများသည် တိုက်ပွဲအတွင်း သေဆုံးမှုများပြားပြီး အသက်မသေသူများသည် မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ခံထားရသည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက အတင်းအကြပ်ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။