Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံအနီး ဆွမ်ပရာဘွမ်လမ်းပိုင်း KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မြစ်ဆုံအထက်ဘက်၊ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဝေရှီးနှင့် ဂွေထော်ကျေးရွာအကြား၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီအကြား ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ရှေ့တန်းတနေရာတိုက်ပွဲအတွင်း တွေ့ရသော KIA ရဲဘော်များ။ ဓာတ်ပုံ − Steve Tickner

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မြစ်ဆုံအထက်ဘက်၊ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဝေရှီးနှင့် ဂွေထော်ကျေးရွာအကြား၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီအကြား ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

“အဲဒီဘက်စစ်ဖြစ်တာက မင်းအောင်လှိုင် စစ်အင်အားထိုးထားတာတော့ နှစ်ပတ်လောက်ရှိပြီ။ တိုက်ပွဲဖြစ်တယ်တော့ ကျနော်လည်း သတင်းရတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ဖြည့်တင်းနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIAသတင်းပြန်ကြားရေးဌာနကလည်း ဖေဖော်ဝါရီ ၁၃ရက် ညပိုင်း၌တိုက်ပွဲသတင်းဖော်ပြခဲ့ရာ KIA တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဂွေထော်နှင့် ဝေါ်ရှီးကျေးရွာကြားတွင် ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ KIAက ခုခံတိုက်ခိုက်ရာ နံနက်ပိုင်း ၁၀နာရီမှ ညနေပိုင်း ၃နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့ကြောင်းဖော်ပြသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့များကို ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်ကောင်စီသည် ယခုဖေဖော်ဝါရီလဆန်းတွင် မြစ်ဆုံဒေသနှင့် အနီးတဝိုက်သို့ စစ်အင်အားများဖြည့်တင်းလှုပ်ရှားလာပြီး ဝေရှီး – ဂွေထော်ကျေးရွာကြားကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့၍ အရပ်သား တစ်ဦးသေဆုံးခဲ့ဟု ကချင်သတင်းရင်းမြစ်က ပြောပြထားသည်။

KIAသည် ဆွမ်ပရာဘွမ်မြို့ကို ၂၀၂၄ မေလကတည်းက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီစခန်းအချို့ကိုလည်း KIAက တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။

KIAသည် ကချင်ပြည်နယ် ဗန်းမော်မြို့ကိုလည်း ၂၀၂၄ ဒီဇင်ဘာကတည်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ဆင်ရေး ၂လကျော်ကြာသည်အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဝေရှီး – ဂွေထော်ကျေးရွာကြား တိုက်ပွဲဖြစ်ပွားမှု၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအခြေအနေတို့နှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မြစ်ဆုံနေရာနှင့် ဝေရှီးကျေးရွာမှာ (၄)မိုင်ခန့်သာ ကွာဝေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။