Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် မြေစာပုံပြိုကျ၍ လူငါးဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း မြေစာပုံပြိုကျ၍ ကုမ္ပဏီဝန်ထမ်း ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်။

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း မြေစာပုံပြိုကျနေစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း မြေစာပုံပြိုကျ၍ ကုမ္ပဏီဝန်ထမ်း ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်။

ဖားကန့်မြို့နယ်၊ အောင်ဆုကျော်ကျေးရွာမှ ကုမ္ပဏီလုပ်ကွက်အတွင်း ကျောက်တူးနေစဉ် ဖေဖော်ဝါရီ ၁၄ရက်နံနက်က မြေစာပုံပြိုကျခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” သေဆုံးတာက ငါးယောက်။ အလောင်းပြန်ရတာ လေးလောင်း။ တစ်လောင်းက ရှာနေဆဲ။ ကုမ္ပဏီဝန်ထမ်းဆိုတော့ လူစာရင်းက အတိအကျရတယ်”ဟု ယင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကုမ္ပဏီအမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ သေဆုံးသူများအတွက် နစ်နာကြေးရရန်ကိစ္စများ ဆောင်ရွက်နေဆဲဟု ဆိုသည်။ ယခု မြေစာပုံပြိုကျမှုတွင် ဒဏ်ရာရသူတစ်ဦးရှိသေးပြီး ဆေးကုနေသည်ဟု သတင်းရရှိသည်။

ဖားကန့်မြို့နယ် စဘော့ကျေးရွာတွင် ဇန်နဝါရီ ၁၃ရက်နံနက်က ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုဖြစ်ခဲ့သေးသည်။ အဆိုပါ ဖြစ်စဉ်အတွင်း ကလေးငယ်လေးဦးနှင့် အမျိုးသမီး ၁၄ဦးအပါအဝင် ရုပ်အလောင်း ၃၂လောင်းတွေ့ရှိခဲ့ပြီး သုံးပတ်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ပြီးနောက် ရှာ‌ဖွေရေးရပ်ဆိုင်းခဲ့သည်။

ကျေးရွာအတွင်းရှိ အိမ်ခြေ ၅၇ကျလုံးလည်း ပျက်စီးခဲ့သည်။ နောက်ရက်အနည်းငယ်အကြာတွင် အဆိုပါ မြေစာပုံထပ်ပြိုပြီး သုံးဦး ထပ်မံသေဆုံးခဲ့သည်။

ဖားကန့်တွင် လူသေဆုံးမှုဖြစ်စေသည့် မြေစာပုံပြိုပျမှုသည် တစ်လခန့်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။