Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအတွက် တပ်သားသစ်ရရှိရေး PNOပြည်သူ့စစ်က ရွာသူကြီးများ အမိန့်ပေးခေါ်ဆောင်ခိုင်းနေ

အာဏာသိမ်းစစ်ကောင်စီတပ်အတွက် တပ်သားသစ်များ ရရှိရေး ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန် အတင်းအကြပ် အမိန့်ပေးခေါ်ဆောင်လျက်ရှိကြောင်း အဆိုပါဒေသသတင်းရင်းမြစ်က ပြောသည်။

ဟိုပုံးမြို့အဝင်ဆိုင်းဘုတ်နှင့် ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန်ဆင့်ခေါ်သည့်စာ။ ဓာတ်ပုံ - Pa-O LOYWEl ၊CJ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်အတွက် တပ်သားသစ်များ ရရှိရေး ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO က ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန် အတင်းအကြပ် အမိန့်ပေးခေါ်ဆောင်လျက်ရှိကြောင်း အဆိုပါဒေသသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်)က ဟိုးပုံးမြို့နယ်၌ စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာဖြင့် PNOက ကျေးရွာလူကြီးများအား အမိန့်ပေး လူသစ်စုဆောင်းမှု လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိုပုံးမြို့အဝင်ဆိုင်းဘုတ်နှင့် ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန်ဆင့်ခေါ်သည့်စာ။ ဓာတ်ပုံ – Pa-O LOYWEl ၊CJ

“စာရင်းကတော့ စစ်သားစုဆောင်းခံရတဲ့ စာရင်းပေါ့။ဒီနေ့မှာ PNOက ရွာသူကြီးတွေကို ခေါ်တာပေါ့။ အဓိကက တပ်ဖွဲ့တပ်ခွဲ တပ်ရင်းတွေမှာ အင်အားဖြည့်ဖို့ နောက်ပြီး ကိုယ်ရေးအကျဉ်းတွေ ရေးသွင်းဖို့ ဒီနေ့ ဘုန်းကြီးကျောင်းမှာ အစည်းအဝေး ခေါ်တာပေါ့။ အောက်မှာ ပါတဲ့ စာရင်းထဲက လူငယ်တွေကိုတော့ အပ်ရမယ်ပေါ့ အဲဒီလူငယ်တွေက ပြည်ပရောက်နေတယ် ရပ်ဝေးဒေသ ရောက်နေတယ်ဆိုလည်း အစည်းအဝေးနေ့ ဒီနေ့မှာ တခါတည်း ခေါ်လာဖို့ PNO ပြည်သူ့စစ်ကအမိန့်ပေးတဲ့စာပေ့ါ ရွာသူကြီးတွေကို”ဟု ပအိုဝ်းဒေသ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအတွက် စစ်သားစုဆောင်းထားသည့် အမည်စာရင်းပါစာနှင့် စစ်မှုထမ်းရန် အရွယ်ရောက်သူ ဖြစ်ကြောင်း စာရင်းသွင်းရန် ဆင့်ခေါ်စာကိုလည်း လူမှုကွန်ရက်၌ ပြန့်နှံ့လျက်ရှိရာ ဆင့်ခေါ်စာတွင် သတင်းပို့သည့်အခါ မှတ်ပုံတင်အပါအဝင် စိစစ်ရေးကတ်များ မပျက်မကွက် ယူဆောင်လာရမည်ဟု ဖော်ပြထားသည်။

သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူမည်ဟုလည်း ဟိုပုံးမြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ယူရေးအဖွဲ့က ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

ပအိုဝ်းဒေသခံများအနေဖြင့် စစ်ကောင်စီနှင့် PNO အတွက် လစဉ် ငွေကြေးထည့်ဝင်နေရသည့်အပြင် ယခုကဲ့သို့ လူသစ်စုဆောင်းများများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် PNOတပ်တို့သည် ဒေသခံများအား အဓမ္မ လူသစ်စုဆောင်းပြီး စစ်သင်တန်းကို ရက်တိုပေးကာ တပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်၌ အသုံးပြုလျက်ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တာဝန်ရှိသူတို့က ပြောကြားထားသည်။

ဇန်နဝါရီလအတွင်းက စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် အင်အား ၅၀၀ ကျော်ဖြင့် ဆီဆိုင်မြို့နယ် အတွင်း ထိုးစစ်ဆင်ခဲ့ရာ PNLAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်မှုများခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း သေဆုံးထိခိုက်သူများမှာ စစ်သားစုဆောင်းခံထားရသည့် တပ်သားသစ်များဖြစ်ကြောင်းလည်း PNLA ဘက်က ပြောကြားထားသည်။

စစ်ကောင်စီအနေဖြင့် ပအိုဝ်းဒေသ စစ်ဆင်ရေးများ၌ စစ်ကောင်စီတပ်အင်အားမှာ ရာခိုင်နှုန်းအနည်းငယ်သာ အသုံးပြုပြီး အများစုမှာ စစ်ကောင်စီနှင့် PNOတို့က ပအိုဝ်းဒေသခံများကို စစ်သားစုဆောင်းပြီး စစ်ဆင်ရေးများ၌ အသုံးချနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။