Connect with us

Hi, what are you looking for?

သတင်း

စေတုတ္တရာတွင် စစ်ကောင်စီတပ် လေထီးဖြင့်ဗုံးကြဲ၍ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor)ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor)ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်(ယနေ့) နံနက်အစောပိုင်းက စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီး တောင်သူများတဲထိုး၍ စုဝေးနေထိုင်သည့် မင်းလမ်းယာတဲစုအား နံနက် ၃ နာရီ ၁၅မိနစ်တွင် တစ်ကြိမ်၊ ၃ နာရီ ၁၈ မိနစ်တွင် တစ်ကြိမ် စစ်ကောင်စီတပ်က စက်တပ်လေးထီးအသုံးပြုကာ ဗုံးသီးများ လာရောက်ကြဲချခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“အဲနေရာက တောင်သူတွေ ယာလုပ်ပြီးနေတဲ့နေရာပါ။ တဲအိမ်လေးတွေစုပြီး ရွာလေးလိုဖြစ်နေတာ။ ခြံစည်းရိုးကာတာတွေဘာတွေမရှိဘူး။ ယာတဲလေးတွေဆိုတော့ အိမ်ဝိုင်းရယ်ဘာရယ်မရှိဘူး ကပ်ကပ်လေးတွေဆောက်ထားတာ။ ထရံကာ သက္ကယ်မိုးအိမ်လေးတွေ”ဟု စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခံရသည့် တဲစုအခြေအနေကို စေတုတ္တရာဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲရာတွင် ပထ်အကြိမ်၌ ဗုံးသီးတစ်လုံး၊ ဒုတိယအကြိမ်၌ ဗုံးသီးနှစ်လုံး အသီးသီးကြဲချခဲ့ပြီး ဗုံးထိမှန်မှုကြောင့် (၃)နှစ်အရွယ်နှင့် (၁၀)နှစ်အရွယ်ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူ များထံမှ သိရသည်။

အလားတူ ဗုံးကြဲခံရမှုအတွင်း တဲအိမ် ၁၀လုံးခန့်ပြိုကျ ပျက်စီးကာ တောင်ယာလုပ်ငန်းသုံး နွား ၂၄ ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း၊ ယခုဗုံးကြဲခံရသည့် နေရာသည် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ မကွေးလေတပ်မှ စက်တပ်လေထီး(Paramotor)နှစ်စင်းဖြင့် အကြောင်းမဲ့လာရောက်ကြဲချခြင်းဟု ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၃၀ရက်ကလည်း စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ်အစပ်မှ ရေရှင်aus;ရွာအား စစ်ကောင်စီတပ်က လေထီးဖြင့်ဗုံးကြဲ၍ နေအိမ်တစ်လုံးမီးလောင်ပြီး ဒေသခံပြည်သူအချို့ထိခိုက်ဒဏ်ရာရသည့်အပြင် နွားများလည်း ထိခိုက်သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။

ဆောင်းပါး

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။

ဆောင်းပါး

အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ