Connect with us

Hi, what are you looking for?

သတင်း

ဂွမြို့နယ်အတွင်း အရေပြားယားနာ​​​​ကူးစက်မှု များပြားပြီး အကူအညီလိုအပ်​နေ

ရခိုင်ပြည်နယ် ၊ဂွမြို့နယ်တွင်စစ်ဘေးရှောင်ပြည်သူများကြား အရေပြားယားနာကူးစက်မှုများပြားနေပြီး အရေးပေါ်အကူအညီများလိုအပ်နေ​ကြောင်း ​ဒေသခံအချို့ကပြောသည်။

အ​ရေပြားယားနာ​ဝေဒနာ ခံစား​နေရသူများမှာ။ဓါတ်ပုံ-စစ်​ဘေး​ရှောင်ကူညီပူး​ပေါင်း​ရေးအဖွဲ့

မိထက်/People’s Spring

ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်တွင်စစ်ဘေးရှောင်ပြည်သူများကြား အရေပြားယားနာကူးစက်မှုများပြားနေပြီး အရေးပေါ်အကူအညီများလိုအပ်နေ​ကြောင်း ​ဒေသခံအချို့ကပြောသည်။

ဂွမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှစတင်၍ စစ်ဘေးရှောင်များကြား အရေပြားယားနာ ဝဲရောဂါကူးစက်မှုစတင်ခဲ့ပြီး အခြေအနေပိုဆိုးလာခြင်းဟု မြို့ခံလူမှုကူညီရေးဆောင်ရွက်သူတစ်ဦးကပြောသည်။

“ဝဲရောဂါကို အပြင်းအထန်ခံစားနေရသူက ထောင်ချီရှိနေတယ်။ အကူအညီတချို့ရပေမယ့် အနာနဲ့ဆေး မမျှတသေးဘူး ဖြစ်နေတယ်။ ပိုတောင်ဆိုးလာတယ်။ အကူအညီတွေ မရရင် ဒီရောဂါကူးစက်မှုက စိုးရိမ်စရာဖြစ်လာလိမ့်မယ်”ဟုစစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယားနာကူးစက်ခံထားရသူ ၄၀၀၀ ခန့်ရှိပြီး အမျိုးသား ၁၇၉၀ ကျော်၊ အမျိုးသမီး ၂၀၀၀ ကျော်အနက် အသက် ၁၀ နှစ်အောက် ကလေးငယ် ၆၀၀ ပါဝင်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်သည်။

“အိမ်တစ်အိမ်မှာ မိသားစုဝင်တစ်ဦး ဖြစ်ပြီဆိုတာနဲ့ ကျန်မိသားစုဝင်တွေကိုကူးစက်တာ။အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ကို ကူးစက်နနေတာဖြစ်တယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

ဝဲရောဂါအပြင်းအထန်ခံစားရပါကအရေပြားဆိုးရွားစွာ ပျက်စီးမှုနှင့် ကိုယ်တွင်းကလီစာများပျက်စီးသည့်အထိ အန္တရာယ်ကြီးကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ဂွမြို့နယ်တွင် ရင်ဆိုင်နေရသောအရေပြားရောဂါကူးစက်မှုကို အာရက္ခတပ်တော် AA ဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းများကကုပေးနေသော်လည်း ထိန်းချုပ်နိုင်ရေး အကူအညီများလိုအပ်​နေ​ကြောင်း ‌မြို့ခံတစ်ဦးကပြောသည်။

ဂွမြို့ကို AAက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေပြီး ဧရာဝတီတိုင်းဘက်‌မှနေ၍ စစ်ကြောင်း ပြန်ထိုးရန် ကြိုးပမ်းနေသည်။ ဂွ-ဧရာဝတီနယ်စပ်ဒေသများဖြစ်သော ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တို့တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။