Connect with us

Hi, what are you looking for?

သတင်း

ထိုင်းကွန်ဒို စျေးကွက်မှာ မြန်မာနဲ့ ထိုင်ဝမ် နိုင်ငံသားတွေ ဝယ်ယူနှုန်း ဆက်တိုက် တက်ရိပ်ပြ

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒို တိုက်ခန်းတွေ ဝယ်ယူတဲ့ နိုင်ငံခြားသားတွေ စာရင်းမှာ မြန်မာနဲ့ ထိုင်ဝမ်တို့က တက်ရိပ်ပြလာခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒို တိုက်ခန်းတွေ ဝယ်ယူတဲ့ နိုင်ငံခြားသားတွေ စာရင်းမှာ မြန်မာနဲ့ ထိုင်ဝမ်တို့က တက်ရိပ်ပြလာခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရဲ့ အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC)က ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံကနေ ကွန်ဒို တိုက်ခန်းတွေ ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ပြန်ခဲ့ရာမှာ တရုတ်နဲ့ ရုရှား နိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူနှုန်းက ကျရိပ်ပြလာခဲ့တာကို တွေ့ရပါတယ်။

၂၀၂၄ တစ်နှစ်လုံးကို ခြုံကြည့်ရင်တော့ နိုင်ငံခြားသားတွေ ကွန်ဒို ဝယ်ယူမှု စုစုပေါင်းဟာ အရင် ၂ နှစ်ကထက် နည်းနည်း ကျရိပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၄ မှာ စုစုပေါင်း ကွန်ဒို ၁၄၅၇၃ ခန်းကို နိုင်ငံခြားသား ဝယ်လက်တွေဆီ လွှဲပြောင်းပေးခဲ့ပြီး ဒါဟာ ၂၀၂၃ ထက် ၀.၉ ရာခိုင်နှုန်း တိုးလာတဲ့ ပမာဏပါ။ ဒါပေမဲ့ ဝယ်ယူသွားတဲ့ ကွန်ဒို တိုက်ခန်းတွေရဲ့ စုစုပေါင်း တန်ဖိုးကတော့ ဘတ် ၆၈.၁၈ ဘီလီယံ ဖြစ်တာကြောင့် ၆.၈ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ပြီးတော့ ၂၀၂၃ နဲ့ယှဉ်ရင် နိုင်ငံခြားသားတွေရဲ့ ကွန်ဒို တိုက်ခန်း ဝယ်ယူမှုအတွက် ပျမ်းမျှ ငွေကြေးသုံးစွဲမှုဟာ တစ်ခန်းကို ဘတ် ၅.၁ သန်း ရှိခဲ့ရာကနေ ဘတ် ၄.၇ သန်းဆီ ကျဆင်းသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဆဲ ဖြစ်ပေမယ့်လည်း တရုတ်နဲ့ ရုရှား ဝယ်လက်တွေကတော့ စိတ်ဝင်စားမှု အတန်ငယ် အေးစက်လာဟန် ရှိပါတယ်။ တရုတ်တွေဟာ ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားအဖြစ် ဆက်ရှိနေပေမယ့် ၂၀၂၄ ခုနှစ်မှာ ကွန်ဒိုအခန်း ၅၆၇၀ ကိုသာ ဝယ်ယူခဲ့ပြီး တစ်နှစ်အတွင်း ဝယ်လိုအား ၁၄.၃ ရာခိုင်နှုန်း ကျဆင်းသွားတဲ့ သဘောပါ။ ဝယ်ယူတဲ့ ကွန်ဒိုတွေ တန်ဖိုးကလည်း ၂၂.၂ ရာခိုင်နှုန်း ထိုးဆင်းသွားပါတယ်။ ရုရှားဝယ်လက်တွေဖက်မှာလည်း အလားတူ ကျရိပ်ပြမှုမျိုး တွေ့ခဲ့ရတယ်လို့ REICက ဆိုပါတယ်။

တခြားတစ်ဖက်မှာတော့ မြန်မာတွေနဲ့ ထိုင်ဝမ် နိုင်ငံသားတွေရဲ့ ထိုင်းကွန်ဒို ဝယ်ယူမှုတွေဟာ သိသိသာသာ တက်ရိပ်ပြလာတယ်လို့ ဆိုပါတယ်။ မြန်မာတွေရဲ့ ကွန်ဒို တိုက်ခန်း ဝယ်ယူတဲ့ အရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကထက် ၁၄၆.၁ ရာခိုင်နှုန်း ထိုးတက်ပြီး ၁၃၈၈ ခန်းထိ ရှိခဲ့ပါတယ်။ တန်ဖိုးအားဖြင့်လည်း ဘတ် ၇.၀၄ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၈၉.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံသားတွေကို ထိုင်းအစိုးရက ဗီဇာကင်းလွတ်ခွင့် ပြုထားခြင်းကလည်း ကွန်ဒို အရောင်းစျေးကွက်မှာ အကျိုးသက်ရောက်မှု ရှိစေပြီး တိုက်ခန်း ဝယ်ယူမှုဟာ တစ်နှစ်အတွင်း ၈၃၆ ခန်း ရှိလာပြီး အရင်ကထက် ၅၇.၁ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။ တိုက်ခန်းတွေ ဝယ်ယူဖို့ ငွေကြေး သုံးစွဲတဲ့ ပမာဏကလည်း ၄၇.၈ ရာခိုင်နှုန်း တက်လာပြီး ဘတ် ၄.၃ ဘီလီယံထိ ရောက်ရှိခဲ့ပါတယ်။

REICက အိန္ဒိယ ကွန်ဒို ဝယ်လက်တွေရဲ့ လားရာကို စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အခြေအနေ တစ်ခုလို့ မှတ်ချက် ပေးထားပါတယ်။ အိန္ဒိယဟာ ၂၀၂၄ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေ စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံသားတွေဟာ ဘတ် ၁.၅၃ ဘီလီယံဖိုး ကွန်ဒိုတိုက်ခန်း ၂၆၀ ကို ၂၀၂၄ ခုနှစ်ထဲမှာ ဝယ်ယူခဲ့ကြပါတယ်။

တခြားနိုင်ငံသားတွေနဲ့ အဓိက ကွာခြားမှု တစ်ခုက အိန္ဒိယ ဝယ်လက်တွေဟာ ကွန်ဒိုအခန်း အသေးစားတွေအစား ၇၀ စတုရန်း မီတာလောက်ကျယ်တဲ့ အခန်းမျိုးတွေကို အဓိက စိတ်ဝင်စားကြတာဖြစ်ပြီး ပျမ်းမျှပေါက်စျေးက တစ်ခန်းကို ဘတ် ၅.၉ သန်းလောက်ထိ များပြားလေ့ ရှိတယ်လို့ သိရပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...