Connect with us

Hi, what are you looking for?

သတင်း

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း နိုင်ငံတွေအတွက် လူသားချင်းစာနာမှု အကူအညီ ယူရို ၇၆ သန်းကို ဥရောပ ကော်မရှင် ထောက်ပံ့

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကြီးမားတဲ့ အကျပ်အတည်းတွေကြား ရုန်းကန်နေရတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေ၊ သူတို့ကို လက်ခံ ကူညီထားသူတွေအတွက် လူသားချင်း စာနာမှု ရန်ပုံငွေ ယူရို ၇၆ သန်း ခွဲတမ်းသတ်မှတ် ထောက်ပံ့သွားမယ်လို့ ဥရောပ ကော်မရှင်က ကြေညာခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကြီးမားတဲ့ အကျပ်အတည်းတွေကြား ရုန်းကန်နေရတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေ၊ သူတို့ကို လက်ခံ ကူညီထားသူတွေအတွက် လူသားချင်း စာနာမှု ရန်ပုံငွေ ယူရို ၇၆ သန်း ခွဲတမ်းသတ်မှတ် ထောက်ပံ့သွားမယ်လို့ ဥရောပ ကော်မရှင်က ကြေညာခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ အဲဒီ ငွေကြေးထဲက ယူရို ၃၂.၃ သန်းဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်ရှိ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်လို့ ဥရောပ ကော်မရှင်က သတ်မှတ်ထားတာ တွေ့ရပါတယ်။ ယူရို ၃၃ သန်းကတော့ လက်ရှိ စစ်ရေး ပဋိပက္ခတွေကြောင့် ရုန်းကန်နေရတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းတွေအတွက်ဖြစ်ပြီး ကျန်တဲ့ ယူရို ၁၀.၈ သန်းဟာ ပြည်ပရောက် စစ်ရှောင် ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံကူညီပေးနေတဲ့ နိုင်ငံတွေအတွက်ပါ။

ဥရောပ ကော်မရှင်ရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ အကျပ်အတည်း စီမံခန့်ခွဲမှု ကော်မရှင်နာ ဟက်ဒ်ဂျာ လာဟ်ဘစ်ဘ်ဟာ မတ်လ ၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့ပြီး ကော့စ်ဘဇား မြို့မှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သလို လူသားချင်း စာနာမှု ကဏ္ဍအတွက် လက်တွဲ အလုပ်လုပ်နေတဲ့ အေဂျင်စီတွေ၊ ဘင်္ဂလားဒေ့ရှ် အရာရှိတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေဆဲ စစ်ရေး ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေ ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးဟာ လတ်တလော လက်တွေ့ မကျသေးဘဲ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက စစ်တပ် အာဏာသိမ်းပြီးခဲ့ချိန် ကတည်းက ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့ပြီး လူပေါင်း ၃ သန်းခွဲလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို လူပေါင်း သန်း ၂၀ လောက်ထိ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပ ကော်မရှင်က မြန်မာအတွက် လျာထား ထောက်ပံ့မယ့် ယူရို ၃၃ သန်းဟာ စားနပ်ရိက္ခာ အကူအညီ၊ အရေးပေါ် အာဟာရ ဖြည့်တင်းရေး၊ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်း၊ လူ့အဖွဲ့အစည်းတွေအတွင်း သောက်သုံးရေသန့် ရရှိရေးနဲ့ တခြား လိုအပ်ချက်တွေကို အကူအညီပေးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီထဲမှာ မြေမြှုပ်မိုင်းဆိုင်ရာ အသိပညာပေးမှုတွေ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအမံတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ ဆိုင်ကလုန်း မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေဒဏ်ကို ထိခိုက်ခံစားရမှု ပိုမို မြင့်မားတတ်တဲ့ အခြေအနေ ရှိနေတာကြောင့်ပါ။

ထောက်ပံ့ကြေး ရန်ပုံငွေ ခွဲတမ်းတွေထဲမှာတော့ ယူရို ၃.၅ သန်းကို အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းမှာရှိတဲ့ ဒုက္ခသည်တွေ၊ သူတို့ကို လက်ခံထားတဲ့ အသိုက်အဝန်းတွေဆီ ခွဲဝေပေးသွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: European Interest

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...