Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့ပေါ်က လွတ်သွားတဲ့ ဓားပြတရားခံကို ပြန်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က ဓားပြမှုနဲ့လွတ်သွားတဲ့ တရားခံကို ဒီနေ့(မတ်လ ၂၀ရက်)ညနေပိုင်းမှာပြန်ပြီးဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မတ်-၂၀၊ ၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က ဓားပြမှုနဲ့လွတ်သွားတဲ့ တရားခံကို ဒီနေ့(မတ်လ ၂၀ရက်)ညနေပိုင်းမှာပြန်ပြီးဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊မြကန်သာရပ်ကွက်က သစ်၊‌ဝါးရောင်းဝယ်ရေးလုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့နေအိမ်ကို လူ၇ဦးက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး အိမ်ရှင် လင်မယားနှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဓားပြကျူးလွန်သူဟာ အသက် ၁၈နှစ်ကနေ ၂၂ နှစ်ဝန်းကျင် လူငယ်၇ဦးဖြစ်ပြီး ဓားပြတိုက်ခံရသူ တွေနဲ့ တစ်ရပ်ကွက်တည်းသားတွေဖြစ်ကာ အလုပ်သမားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအထဲက ၆ဦးကို အရင်ဆုံး ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ဆုံးကျန်သူ အသက်၁၉နှစ်အရွယ် ဇော်ကြီးကို မနေ့ကဖမ်းဆီးနိုင်ခဲ့ပေမယ့် ဓားပြတိုက်စဉ်ယူခဲ့တဲ့ ပစ္စည်းတွေကို လိုက်ပြခိုင်းချိန်မှာ ထွက်ပြေးသွားတာလို့ သိရပါတယ်။

“ဓားပြတိုက်ထားတဲ့ ပစ္စည်းတွေကို ဆေးရုံကြီးရဲ့မြောက်ဘက် နှစ်ဝန်းကျော် မှာထားတာ။ကား‌ ပေါ်က နေဆင်းပြီးသွား ပြခိုင်းတဲ့အချိန် အစက တော့ပုံမှန်ပါပဲသွားတာ။တစ်ဝန်းကျော်လည်းရောက် ရောထွက် ပြေးသွားတာ။ကိုယ့်ရဲဘော်တွေက လိုက်ဖမ်းတော့ အချင်းချင်းပစ်မိမှာစိုးပြီး မပစ်ရဘူး။ပြီးတော့ ဆေးရုံကြီး မြောက်ဘက်ကပ်ချက်ကဝန်းထဲကို ဝင်ပြေးသွားတယ်။လိုက်ပစ်ရင် ဆေးရုံကြီးထဲက စစ်တပ်နဲ့ ထိပ်တိုက်ပစ်ရမှာမို့ မနေ့က မဖမ်းလိုက်ရဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

ဒီနေ့ တခြားတနည်းနဲ့ မျှားခေါ်ထုတ်တဲ့အချိန် ညနေ ၅နာရီ ကျော်လောက်မှာထွက်လာပြီး ယခုဖမ်းဆီးထားနိုင်ပြီလို့ သိရပါတယ်။

လက်ရှိမှာ ဓားပြတိုက်သူ ၇ဦးကို ဖမ်းဆီးထားနိုင်ပြီး အဲဒီအထဲက တစ်ဦးဟာ ဖမ်းဆီးထားစဉ် အတက်ရောဂါ၊အကြောတက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။