Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ကြေညာချက်မှာ နိုင်ငံတကာကိုလှည့်ဖြားခြင်းဟု KNDF ပြော

စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည် ကြေညာချက်မှာ နိုင်ငံတကာကိုလှည့်ဖြားခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)​၏ ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၄ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာကို စစ်ကောင်စီတပ် တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

စစ်နှင့် သဘာဝဘေးဆိုင်ရာအန္တရယ်များ အချိန်မရွေးကျရောက်နိုင်၍ လုံခြုံရေးသတိရှိကြရန် KNDF တိုက်တွန်း

ဧပြီ ၅၊၂၀၁၅။ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည် ကြေညာချက်မှာ နိုင်ငံတကာကိုလှည့်ဖြားခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)​၏ ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၄ ရက်)က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာကို စစ်ကောင်စီက အကြောင်းမဲ့လက်နက်ကြီး ၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ ငါးဦးထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဥ်နှင့်ပတ်သက်၍ ၎င်းက မှတ်ချက်ပြုခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒါကတော့ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကာလမှာ ပြည်သူတွေကို ရက်စက်ယုတ်မာစွာ တိုက် ခိုက်သတ်ဖြတ်နေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ကြေညာချက်သည် လုံးဝနိုင်ငံတကာကို လှည့်ဖြားဖို့သာဖြစ်တယ်။စစ်ကောင်စီရဲ နှုတ်ကထွက်တဲ့စကားတွေ ကတိကဝတ်တွေက လုံးဝယုံကြည်စရာမရှိဘူးဆိုတာ ဒါတွေက သက်သေပဲ”ဟု ၎င်းက ပြောသည်။

လွိုင်ကော်မြို့နယ် ၊ ပီကင်းကောခူကျေးရွာသို့ ဧပြီ ၄ရက်တွင် မိုးဗြဲမြို့အခြေစိုက်ခမရ (၄၂၂) တပ်ရင်းမှ မြို့တွင်းနှင့် အနီးဝန်ကျင်ကျေးရွာများသို့ တစ်နေကုန်နီးပါး လက်နက်ကြီးများ ပစ် ခက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁နာရီခွဲခန့်တွင် လက်နက်ကြီးကျည်ထိမှန်ကာ ပီကင်းကောခူကျေးရွာရှိ ဒေသခံအရပ်သား အမျိုးသားတစ်ဦး ထိမှန် သေဆုံးခဲ့သည်။

ထို့နောက် နေ့လည် ၂ နာရီကျော်တွင် ပီကင်းကောခူကျေးရွာသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ကျေးရွာတွင်းရှိနေအိမ်များအား ထိမှန်ကာ နေအိမ်များတွင်ရှိနေသော အရပ်ပြည်သူအမျိုးသားလေးဦးထိမှန်၍သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း သဘာဝဘေးသင့်နေချိန်တွင် ယာယီအပစ်အခတ်ရပ်စဲထားမည်ဟု ဧပြီ ၂ရက်တွင် ထုတ်ပြန်ထားသော် လည်း ကရင်နီပြည်နယ်တွင်းသို့ ထုတ်ပြန်သည့် ဧပြီ ၂ရက်ကစ၍ ယနေ့(ဧပြီ ၅ရက်)အထိ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျှက်ရှိကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို အရှက်အရွံ့မဲ့စွာ ပြုလုပ်နေခြင်းများကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ၎င်းတို့၏ ထုတ်ပြန်ထားသည့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အတိုင်း လက်နာဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း KNDFက ပြောသည်။

ငလျင်ဘေးသင့်ခဲ့သည့် မတ်လ ၂၈ရက်မှ ယနေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြီး (၃)ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ်ခက်မှုများကို နေ့စဉ်နီးပါးလုပ်ဆောင်နေကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်နှင့်သဘာဝဘေးဆိုင်ရာ အန္တရယ်များ အချိန်မရွေးကျရောက်လာနိုင်သည့်အတွက် လုံခြုံရေး အသိ၊သတိရှိကြရန် KNDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။