Connect with us

Hi, what are you looking for?

သတင်း

ဓနုပြည်သူတွေ စစ်တပ်ရွေးကောက်ပွဲ အားပေးထောက်ခံတာမလုပ်ဖို့ ဓနုတပ်မေတ္တာရပ်ခံ

ဓနုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး( DPLF/DPLA)က စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ဒီနေ့ (အောက်တိုဘာ ၂၃ရက်)ထုတ်ပြန်ခဲ့ရာ ဓနုလူထုတွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတာ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - DPLA

အောက်တိုဘာ-၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ဓနုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး( DPLF/DPLA)က စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ဒီနေ့ (အောက်တိုဘာ ၂၃ရက်)ထုတ်ပြန်ခဲ့ရာ ဓနုလူထုတွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတာ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)အနေနဲ့ အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့်ရွေးကောက်ပွဲကို အသိမှတ်ပြု လက်ခံသွားမှာ မဟုတ်ဘူးလို့ အသိပေးပါတယ်။

” စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင် သပ်သပ်ဖြစ်တယ်ဆိုတာလူထု တရပ်လုံး အသိဖြစ်ပါတယ်။ဒါကြောင့် ပြည်သူတွေကို အသိ ပေးတောင်းဆိုချင်တာကတော့ ဒီရွေးကောက်ပွဲမှာ မဲတခုချင်းစီအလိုက် အရေးကြီးပါတယ်။ ကိုယ့်ရဲ့မဲတခုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကိုလည်း ကြိုတင် တွေးထားဖို့ လိုပါတယ်”လို့ DPLF သတင်းပြန်ကြားရေး တာဝန်ရှိသူ တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု အကျိုးစီးပွားနဲ့ စစ်အုပ်စုအာဏာ တည်မြဲရေးကို အဆိပ်ပင် ရေလောင်းခြင်း မပြုဖို့ လေးစားစွာ အသိပေးကြောင်းလည်း DPLFက ထုတ်ပြန်ပါတယ်။

DPLF အနေနဲ့လည်း ပြည်သူလူထုတွေနဲ့ အတူပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။

ဓနုလူမျိုးတွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အားတက်သရော ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးပါတယ်။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးရဲ့(Bottom up federalism approach) ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးတည်ဆောက်သွားရာမှာလည်း DPLFအနေနဲ့နိုင်ငံရေး၊ စစ်ရေးကို အရှိန်မြှင့် ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်သလို နိုင်ငံရေး ကိုယ်စားပြုမှုတွေကိုလည်း စနစ်တကျ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ဓနုလူမျိုးများ ကိုယ်စားပြုအနေနဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။

DPLF/DPLAဟာ တအာင်းတပ်မတော်(TNLA) အပါအဝင် မဟာမိတ်တွေနဲ့ လက်တွဲစစ်ရေးဖော်ဆောင်နေပြီး ဓနုဒေသနဲ့ ဆက်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

“လက်ရှိ ကျွန်တော်တို့DPLA နဲ့ရှမ်းမြောက်၊ရှမ်းတောင်နဲ့မိုးကုတ်ဘက်တွေမှာစစ်ရေးဖော်ဆောင်နေတာတွေရှိပါတယ်ဗျ ပြည်သူများအနေနဲ့လဲလေကြောင်းရန်အထူးဂရုစိုက်ရန်ပြောကြားလိုပါတယ်ဗျ”လို့ DPLF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’စကားလုံးထည့်သွင်းသုံးနှုန်းခဲ့တယ်ဆိုပြီး အမတ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ်...