Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကမန္တလေးမှာNon CDMဝန်ထမ်းတွေကို မဲနှိုက်ပြီး ရွေးကောက်ပွဲသင်တန်းတက်ခိုင်း

မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး Non CDM ဝန်ထမ်းတွေမဲနှိုက်ပြီးသင်တန်းတက်ခိုင်း​နေကြောင်းသတင်းရရှိပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဝန်ထမ်းတွေကို အီလက်ထရောနစ်စနစ်နဲ့ မဲပေးပုံ သင်ပြနေတဲ့ဓာတ်ပုံ

ဇူလိုင်-၁၃၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး Non CDM ဝန်ထမ်းတွေမဲနှိုက်ပြီးသင်တန်းတက်ခိုင်း​နေကြောင်းသတင်းရရှိပါတယ်။

ဇူလိုင် ပထမပတ်ကစပြီး မန္တလေးမြို့ပေါ်နဲ့ တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီက Non CDM ကျောင်းဆရာ/ဆရာမတွေနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်းတွေကိုရွေးကောက်ပွဲအတွက်ဆိုပြီးသင်တန်းတွေ ပေးနေတယ်လို့ မြို့ခံတွေက ပြော​ပါတယ်။

“ဆမရထားတဲ့( ကျန်းမာရေးဝန်ထမ်း)တွေရောမဲနှိုက်ပြီးတက်ခိုင်းနေတာ”လို့ဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သင်တန်းတက်နေရတဲ့ ဌာနတွေရဲ့အမည်စာရင်းကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။

မန္တလေးတိုင်းထဲက ဝမ်းတွင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲမှာလည်းNon CDM ၇၀ ကျော်ကို ရွေးကောက်ပွဲသင်တန်းပေးနေပြီး မြို့နယ်တခုလုံးအတွက် သင်တန်းဆယ်ကြိမ်ပြုလုပ်မယ်လို့ သတင်းရကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

မလှိုင်မြို့နယ်မှာတော့ စစ်​ကောင်စီဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်းပေးနေတာ ၃ ရက်ရှိပြီလို့ သိရပြီး တစ်ကြိမ်ကို လူ ၆၀ ခန့် သင်တန်းပေးမယ်လို့ သိရကြောင်း မလှိုင်လူထုသတင်းကွန်ရက်က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အထောက်အကူပေးနေတဲ့Non CDM ဝန်ထမ်းတွေကို သတင်းပေးကြဖို့ ဝမ်းတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ Wundwin Township Revolution Forceအဖွဲ့ကအသိပေးထားပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက သတိပေးထားပြီး ဇူလိုင် ၁၁ ရက် ညကလည်း ရွေးကောက်ပွဲအတွက်ပြင်နေတဲ့ မြောက်ဥက္ကာလာပ ပြည်ခိုင်ဖြိုးရုံးကို​တော်လှန်​ရေးနှစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။