Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားသစ် ၄ ဦး မင်းဘူးခရိုင် တပ်ရင်း(၆)ထံ အလင်းဝင်

စစ်ကောင်စီတပ်သားသစ် ၄ဦး အလင်းဝင်လာကြောင်းမင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းကယနေ့ သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားသစ် လေးဦးအား တွေ့ရစဉ်။ဓာတ်ပုံ - မင်းဘူးခရိုင်အမှတ်(၆) တပ်ရင်း

စက်တင်ဘာ-၁၈၊ ၂၀၂၅။ People’s Spring

စစ်ကောင်စီတပ်သားသစ် ၄ဦး အလင်းဝင်လာကြောင်းမင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းကယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကပေါ်တာစွဲအတင်းအဓမ္မစစ်သင်တန်းပေးပြီး ငဖဲမြို့နယ် အခြေစိုက် အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄)သို့ ပို့ဆောင်ထားသည့် စစ်ကောင်စီတပ်သားများအနက် တပ်သား ၄ဦးသည် စက်တင်ဘာ ၄ရက်တွင် အလင်းဝင်လာခြင်းဖြစ်ဟု အသိပေးသည်။

“သူတို့က စစ်သင်တန်းတက်ပြီး ကပစ ၁၄ကိုတန်းရာက်လာတာပါ။တိုက်ပွဲအ​တွေ့အကြုံမရှိ​သေးပါဘူး။ အားလုံးကထွက်​ပြေးဖို့ကြံ​နေတဲ့သူ​တွေ့ချည်ပါပဲ။ကပစ ၁၄က​တော့ ပဒါန်းနယ်ထဲမှာဆို​တော့အခိုင်အမာခံစစ်ပြင်​နေပါတယ်” ဟု မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းမှတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်ရောက်လာသူ ၄ဦး၏ မှတ်တမ်းဓာတ်ပုံကို ဖော်ပြထားပြီး လက်နက်ခဲယမ်းပါ၊မပါကိုမူ ဖော်ပြခြင်းမရှိပေ။

အလင်းဝင်လာသူများကို လူ့ဂုဏ်သိက္ခာ နှင့်အညီ ထိန်းသိမ်းထားကြောင်း အသိပေးပြီး စစ်ကောင်စီတပ်သားများ ပြည်သူ့ထံ အလင်းဝင်ရောက်လိုပါက ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် အလင်းဝင်လာသူများကို မိသားစုနှင့် ပြန်လည်ဆုံတွေ့နိုင်ရန်ကူညီပေးမည်ဟုလည်း အသိပေးသည်။

“ပေါ်တာဆွဲခံရတဲ့လူငယ်​တွေအကြမ်းဖက်စစ်တပ်စီကထွက်​ပြေးကြပါ။ထွက်​ပြေးရင်လည်းတော်လှန်​ရေးအဖွဲ့​တွေချိတ်ဆက်ပါ။ဒီအတိုင်းထွက်​ပြေးမယ်ဆိုရင်လည်းနယ်​မြေအ​နေအထားကိုမ​ပြေးခင်ကြိုတင်​လေ့လာပါ။ဒါမှအကြမ်းဖက်စစ်

တပ်ရန်ကလွတ်ပါလိမ့်မယ်။နယ်​မြေအ​ကြောင်း သိရှိထားရင် ​ပြေးရတာလွတ်​မြောက်နိုင်ပါတယ်”ဟုအထက်ပါတာဝန်ရှိသူက​​ဆက်ပြောသည်။

စစ်ကောင်စီသည်နိုင်ငံတဝန်းလူငယ်လူရွယ်များကိုအဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးပြုမှုများလုပ်ဆောင်လျက်ရှိရာ တပ်သားသစ်များ ထွက်ပြေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံချိတ်ဆက် အလင်းဝင်ရောက်မှု ဖြစ်စဉ်များဆက်တိုက်ရှိနေသည်။

စစ်ကောင်စီသည် လူငယ်လူရွယ်များကို နည်းမျိုးစုံ ပေါ်တာဆွဲနေ၍ ဂရုစိုက်ကြရန် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတဦးကသတိပေးထားပြီးစစ်ကောင်စီတပ်သားများ ပြည်သူ့ဘက် အမြန်ဆုံးအလင်းဝင်ရန် တိုက်တွန်းထားသည်။

“စကစတွေပေါ်တာမဆွဲခင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေ၊ ပကဖတွေ နီးစပ်ရာ ERO အဖွဲအစည်းတွေမှာ လွတ်မြောက်နယ်မြေတွေလည်းရနေပါပြီ။ အဲဒီ လွတ်မြောက်နယ်မြေတွေမှာ အချိန်မီသွားပြီးခိုလှုကြပါ ။ အဓိကအားဖြင့် လူငယ်တွေကိုတိုက်တွန်းချင်တယ်” ဟု ကလေးခရိုင် ပကဖ ဒရုန်းတပ်ဖွဲ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဘက်က ပေါ်တာဆွဲ၍ ပါသွားပါက အသက်အာမခံချက်မရှိကြောင်း ၎င်းကဆက်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။