အောက်တိုဘာ-၂၉၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဒီနေ့ (အောက်တိုဘာ ၂၉ရက်) ညနေပိုင်းမှာ စစ် ကောင်စီတပ်က ဖမ်းဆီးပေါ်တာဆွဲနေပြီး အလုပ်ပြန်လာသူတွေအပါအဝင် လူငယ် ၁၀ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ (အောက်တိုဘာ ၂၉ရက်)ညနေပိုင်းက စစ်ကောင်စီတပ်ဟာ အိမ်စီးကားတွေနဲ့ ပေါ်တာပတ်ဆွဲခဲ့ရာမှာ မုံရွာနယ်တောင်ပိုင်း ကျေးရွာက ၃ဦး၊ အလုပ်ပြန်လာသူ ၄ ဦး စုစုပေါင်း ၇ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလမ်းက အရက်ဆိုင်တဆိုင်ကိုလည်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ဆိုင်ထိုင်သောက်နေတဲ့ ၃ယောက်ပါသွားတယ်” လို့ ဒေသခံတွေက ပြောပါတယ်။
အခြား မြို့ပေါ်နေရာတွေက ဖမ်းဆီးခံရတာတွေလည်းရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလတုန်းကလည်း စစ်ကောင်စီက မုံရွာမြို့ပေါ်မှာ ပျော်ပွဲ၊ရွှင်ပွဲတွေ လုပ်ပေးပြီး လူငယ်တွေကို ပေါ်တာဆွဲခဲ့ပါသေးတယ်။
လာမယ့် တန်ဆောင်တိုင်ကာလမှာလည်း စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်မှာ ပွဲလမ်းသဘင်တွေ ပြုလုပ်ဖို့ စီစဥ်နေပြီး ပေါ်တာဆွဲခံရနိုင်လို့ သတိထားသွားလာကြဖို့ တော်လှန်ရေး ရဲဘော်တွေက သတိပေးထားပါတယ်။


















































