Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနဲ့ နွားထိုးကြီးအစပ်ရှိ ကျေးရွာတွေ က ဒေသခံ သုံးသောင်းနီး စစ်ရှောင်နေရ

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယအစပ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး စစ်ရှောင်နေရတဲ့ ပြည်သူဦးရေ သုံးသောင်းနီးပါး ရှိလာပြီလို့ စစ်ရှောင်အရေးကူညီနေသူတွေထံကသိရပါတယ်။

မန္တလေးတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေကိုတွေ့ရပုံ (ပုံဟောင်း)

နိုဝင်ဘာ – ၂၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယအစပ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး စစ်ရှောင်နေရတဲ့ ပြည်သူဦးရေ သုံးသောင်းနီးပါး ရှိလာပြီလို့ စစ်ရှောင်အရေးကူညီနေသူတွေထံကသိရပါတယ်။

မြို့နယ်နှစ်ခု အစပ်က ကျေးရွာ ၁၀ ထက်မနည်းစစ်ကြောင်းထိုးခံနေရတာဖြစ်ပြီး လက်ရှိ နိုဝင်ဘာလကုန်ပိုင်းထိ ဒေသခံတွေ စစ်ရှောင်နေရတာပါ။

စစ်ရှောင်နေရတဲ့ ရွာတွေမှာ ညောင်ပင်၊ ဗလုံ၊ ပေါင်းကား၊ ကန်ဆင့်၊ တူရွင်းဘို့၊ ပျား၊ဘို့၊ကျောက်ဖြူကန်၊လက်ဝဲ၊မြင်းနီ၊မာန်လည်၊တောင်သဲတော၊ကန္နား ရွာတွေပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်တွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ရှောင်လာရတာဆိုတော့ လိုအပ်ချက်တွေကတော့ အများကြီးပဲ၊နေမကောင်းတဲ့သူတွေကိုလည်း လောလောဆယ်ဆေးဝါးမကုပေးနိုင်သေးဘူး”လို့ စစ်ရှောင် ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

အစားအသောက်၊ အဝတ်အထည်၊စောင်နဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေတာပါ။

လက်ရှိမှာ ဆောင်းရာသီ ဖြစ်လာတာကြောင့် ရာသီ ဥတုအေးလာတာကြောင့် သက်ကြီးပိုင်းတွေ ဖျားနာတာတွေရှိနေတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ