Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ တီမောနိုင်ငံမှာ တိုင်ကြား

ဇန်နဝါရီ-၁၄၊၂၀၂၆။ ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO)က ဇန်နဝါရီ ၁၂ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ခရစ်ယာဘာသာရေးဆရာတွေ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ ဆေးရုံနဲ့ ခရစ်ယာဉ်ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်တာ၊ မီးရှို့တာ စတဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ပြထားကြောင်း CRHOက အသိပေးပါတယ်။

တိုင်ကြားစာနဲ့ပတ်သက်ပြီး အခြေအနေတွေ သိရဖို့ CRHO ထံသို့ဇန်နဝါရီ ၁၃ရက်က ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

CRHO ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီက ချင်းပြည်နယ်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်း တိုက်ခိုက်ခဲ့မှု၊ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ မီးရှို့တာ၊ လေကြောင်း တိုက်ခိုက်တာတွေကြောင့် နေအိမ်အဆောက်အဦး ထောင်ချီ ပျက်စီးခဲ့ရမှု၊ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ရာချီ သေဆုံးခဲ့ရမှု အခြေအနေတွေကို တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လက်ချက်ကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများစွာ၊ ဆေးဘက်ဆိုင်ရာ အဆောက်အဦ တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရတာ တွေကိုလည်း ဖော်ပြထားပါတယ်။
CRHO အနေနဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ တရားရေးဌာနမှာ တရားစွဲဆိုခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခု ဇန်နဝါရီ ၁၁ရက်က ချင်းပြည်နယ် ဖလမ်းမြို့နယ်ကသီးဘွာလ်ကျေးရွာတိုက်နယ်ဆေးရုံကိုတိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့လို့ ဆေးရုံအဆောက်အဦးတွေနဲ့ ပြည်သူ့နေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၅ရက်ကလည်း ဟားခါးမြို့နယ် ဟားလ်တာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ဦး အပါအဝင် မိသားစုဝင် ၄ဦးသေဆုံးခဲ့သလို ဇန်နဝါရီ ၉ရက်မှာလည်း ဟားခါးမြို့နယ် ရွာန်ရွာကိုလေကြောင်းဗုံးကြဲခဲ့လို့ လူနေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

(၂၀၂၁မှာ အာဏာသိမ်း’ပြီးနောက် ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ – AFP)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

သတင်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...