Connect with us

Hi, what are you looking for?

သတင်း

‎KNLA ရဲဘော်တစ်ဦးနဲ့ လူငယ်တစ်ဦးကို ဗိုလ်ကော်လားဖိုး KTLAတပ်ဖွဲ့ ဖမ်းဆီးသတ်ဖြတ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂) ရဲဘော် တစ်ဦးနဲ့ မြို့နယ်လုပ်သားလူငယ် တစ်ဦးကို ‎ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(KTLA အဖွဲ့ ဖမ်းဆီးရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ KNLA ရဲဘော်နဲ့ လူငယ်တစ်ဦး ရုပ်အလောင်း တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTD)

မတ်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂) ရဲဘော် တစ်ဦးနဲ့ မြို့နယ်လုပ်သားလူငယ် တစ်ဦးကို ‎ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၇ရက်မနက်က မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း( မြို့နယ်၊ ပေါခလိုးဒေသ(ဘန်းချောင်းကျေးရွာအုပ်စု)မှာ နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး အလုပ်လုပ်နေတဲ့ ရဲဘော် ၁ဦးနဲ့ မြို့နယ် လုပ်သား ၁ဦးကို KTLAက ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

KTLA ဗိုလ်ကော်လားဖိုးအဖွဲ့ဟာ မတ်လ ၄ရက် ညနေပိုင်းကလည်း KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြိုနယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ KNLA ရဲဘော်တွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီလို ခြုံခိုတိုက်ခိုက်ခဲ့လို့ KNLA တပ်ရင်း(၁၂)က ရဲဘော် ၅ဦး ဒဏ်ရာရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

သရက်ချောင်းမြို့နယ် ဝင်း၀စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းတပ်က ကြိုးပမ်းနေစဉ် ဗိုလ်ကောလားဖိုး ဦးဆောင်တဲ့ KTLAက KNLA ရဲဘော်တွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ KNLA ပူးပေါင်းတပ်ဟာ သရက်ချောင်းမြိုနယ် ဝင်း၀ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို ဖေဖော်ဝါရီ လကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကလည်း ဒေသတွင်းကို စစ်အင်အားဖြည့်တင်းတာ၊ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

KTLAက အခုလို ဆက်တိုက် ဆိုသလို တိုက်ခိုက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လတ်တလော သဘောထား မှတ်ချက်ပေးဖို့ မရှိသေးဟု KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

အခု KNLAကို တိုက်ခိုက်နေတဲ့ ဗိုလ်ကော်လားဖိုးဟာ အရင်က စစ်ကောင်စီထံ ၂ကြိမ် အလင်းဝင်ခဲ့ဖူးသူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ပေါ်လာကာ KNLA တပ်မဟာ(၄)နဲ့ ပြဿနာ အကြိမ်ကြိမ်ဖြစ်ပွားနေတာပါ။ KTLA ဗိုလ်ကော်လားဖိုး အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အရင်ကလည်း KNLA တပ်မဟာ(၄)ဘက်က အရာရှိ အပါအဝင် ကျဆုံးထိခိုက်မှု အချို့ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ တာဝန်ရှိသူ တစ်ဦး လိုက်ပါလာတဲ့ကားကို ဗိုလ်ကော်လားဖိုးဦး‌ဆောင်တဲ့ KTLAအဖွဲဝင်တွေက ထိုင်းပိုင်နက် နယ်မြေအတွင်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ မြန်မာ-ထိုင်းနယ်စပ် သတင်းရင်းမြစ်တဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ မောတောင်မြို့သိမ်း တိုက်ပွဲကနေ မိခင်တပ်ရင်းကို ပြန်လာတဲ့ ဗထူးတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်တွေကို တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်ခြင်းလားဟု ဗိုလ်စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ကို မေးမြန်းတဲ့ ကြေညာချက် ဗထူးတပ်ဖွဲ့က မတ်လ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။