Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေ ဆက်ရှိနေဆဲလို့ ဗြိတိန်ပြော

(ဗြိတိန်သံအမတ်ကြီး အယ်လီနာဆန်ဒါးစ်နဲ့ ဥရောပသမဂ္ဂအလံ)

▪️“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး

ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။

မတ်လ ၃၁ ရက်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဗြိတိန်သံအမတ်ကြီးက မြန်မာ့လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အဲဒီအဆိုမူကြမ်းထဲမှာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်တပ် ကျူးလွန်သမျှသော ရက်စက်ကြမ်းကြုတ်မှုတွေကို အပြည့်အစုံ မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီအဆိုမူကြမ်းထဲမှာ (စစ်တပ်ရဲ့)အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို မီးရှို့မှုတွေ၊ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းရမှုတွေ၊ တရားလက်လွတ်ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ စနစ်တကျ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစုတွေအပေါ်ဆက်လက်နှိပ်စက်ညှင်းပမ်းမှုတွေ စတဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ချိုးဖောက်မှု ပုံစံတွေကို ဖော်ပြထားပါတယ်”လို့ ဗြိတိန်သံအမတ်ကြီးကအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။

စစ်တပ်ဟာ တပ်မတော်နေ့စစ်ရေးပြပွဲတွေ ပြုလုပ်နေချိန်မှာပဲ မြန်မာနိုင်ငံတဝန်းရှိ အရပ်သားပြည်သူတွေကတော့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုကို ဆက်လက် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ဗြိတိန်သံအမတ်ကြီးက ကုလလူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။

“မကြာသေးခင်က ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းတို့မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေက အိုးအိမ်တွေ၊ ဘာသာရေးဆိုင်ရာနေရာတွေနဲ့ စစ်ဘေးရှောင်အသိုင်းအဝိုင်းရဲ့ ယာယီတဲတွေကို ဆက်လက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်”လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

လက်ရှိမှာ မြန်မာပြည်သူ ၁၆သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေ လိုအပ်နေပြီး အနည်းဆုံးပြည်သူ ၃ဒသမ၇သန်းဟာ နေအိမ်တွေဆီ မပြန်နိုင်ဘဲ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီးကလည်း မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာသိမ်းယူပြီး ၅ နှစ်အကြာမှာ မြန်မာနိုင်ငံဟာ အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး လူ့အခွင့်အရေးအကျပ်အတည်းတွေ ဖြစ်ပွားရာ နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ပြောပါတယ်။

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်”လို့ ဥရောပသမဂ္ဂသံအမတ်ကြီးက ပြောပါတယ်။

တကယ်တော့ အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ် အထူးသဖြင့် လေကြောင်းကနေ မနားတမ်းတိုက်ခိုက်နေပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ပိတ်ဆို့ ဟန့်တားထားတာကြောင့် နိုင်ငံကို ပိုမိုဆိုးရွားစေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းထဲကို တွန်းပို့နေတယ်လို့ ဥရောပသမဂ္ဂသံအမတ်ကြီးက ကုလလူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။

ဆက်လက်ဖြစ်ပွားနေသော ပြင်းထန်တဲ့ ပဋိပက္ခများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနဲ့ အတင်းအဓမ္မ စုဆောင်းခံရမှုများအပြင် မြန်မာစစ်တပ်ဟာ လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲတွေကတဆင့် သူတို့ရဲ့ အာဏာချုပ်ကိုင်မှုကို တရားဝင်ဖြစ်စေဖို့ ကြိုးပမ်းခဲ့တာကြောင့် ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေက ရှိနေတယ်လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...