ဧပြီ-၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲကနတ်ရေကန်ဗျူဟာမှာ တိုက်ပွဲတွေပြင်းထန်နေစဉ် တော်လှန်ရေးရဲဘော်တွေက ငဖဲမြို့ထဲအထိဝင်ပြီး နယ်မြေစိုးမိုးရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တပ်ဖွဲ့ဝင်တွေက ဧပြီလ ၄ရက်ည ၉နာရီကျော်ခန့်ကနေ ဧပြီလ ၅ရက် မနက် ၁နာရီမထိုးခင်အချိန်အထိ
ငဖဲမြို့ပေါ်ကို ဝင်ခဲ့ဝာာလို့ သိရပါတယ်။

Public Service Announcement
လက်နက်ခဲယမ်း၊ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ နေရာနဲ့ မီတာ၈၀၀ ခန့်အထိ ရောက်ခဲ့တယ်လို့ CDF-အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
“စစ်တပ်က မြို့တောင်ဘက်မှာ။ ကျတော်တို့က မြို့မြောက်ဘက်ကနေဝင်ခဲ့တာ။ ပြည်ခိုင်ဖြိုးရုံး၊ ပညာရေးရုံးတွေ ဝင်ခဲ့တယ်” လို့ဆလိုင်းရိုးချင်းက ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေဟာ ဧပြီ ၅ ရက်မနက်အစောပိုင်း ၁နာရီခန့်မှာ ပြန်ထွက်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးအတွက် လူထုဘက်မှာ စိတ်ခွန်အားရဖို့အတွက် အခုလို နယ်မြေစိုးမိုးရေးလှုပ်ရှားမှုလုပ်ခဲ့တာလို့ CDF -အရှို ပြောရေး
ဆိုခွင့်ရှိသူ က ပြောပါတယ်။
ငဖဲမြို့နယ်ဟာ မင်းဘူးခရိုင်ထဲမှာ ရှိပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကို
အာရက္ခတပ်တော် (AA)ပူးပေါင်းတပ်တွေနဲ့အတူ CDF-အရှိုလည်း ပါဝင်တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေတယ်ပါတယ်။
ဒါအပြင် နတ်ရေကန်ဗျူဟာနဲ့ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာမတ်လ ၂၅ ရက်ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်သား၂ဝဦးသေဆုံးတယ်လို့ CDFအရှိုက သတင်းထုတ်ပြန်ထားပါတယ်။




















































