Connect with us

Hi, what are you looking for?

သတင်း

PDF ဗျူဟာ (၃၃)က တပ်သားသစ် ခေါ်ယူ၊ တော်လှန်ရေး ဆက်တိုက်ပွဲဝင်ကြဖို့ ဗျူဟာမှူးဖိတ်ခေါ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဇူလိုင် ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

တပ်သားသစ်အဖြစ် လျှောက်ထားလိုပါက အသက် ၁၈နှစ်ကနေ ၃၀ အကြား ကျန်းမာရေး ကောင်းမွန်ရမှာ ဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒ၊ဥပဒေ၊ အမိန့် ညွှန်ကြားချက်နဲ့ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရမယ်လို့ ဖော်ပြပါတယ်။

တော်လှန်ရေးကို ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်ရမျာ ဖြစ်သလို ပေးအပ်လာတဲ့ တာဝန်ကို အချိန်မရွေး နေရာဒေသမရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်ရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမိန့်နဲ့ စစ်စည်းကမ်းကို နာခံတက်သူဖြစ်ဖိုပ လိုသလိုပြည်သူလူထုနဲ့ တော်လှန်ရေးအပေါ် သစ္စာစောင့်သိပြီးတိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံနိုင်ရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

ဒါ့အပြင် အခြား ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှာမှ တာဝန်ထမ်းဆောင်ခဲ့ခြင်း မရှိတဲ့ ရဲဘော်အသစ်များကိုသာ လက်ခံမယ်လို့လည်း ထုတ်ပြန်ထားပြီး ဆက်သွယ်လို့ရမယ့် သူတွေရဲ့ အမည်နဲ့ ဆက်သွယ်ရမယ့် Signal နံပါတ်တွေကိုပါ ဗျူဟာ ၃၃ရဲ့ ဖေစ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထားပါတယ်။

“တော်လှန်ရေးက သွေးအေးသွားလို့မဖြစ်ဘူး ..ဆက်ပြီးတိုက်ပွဲ ဝင်ရမှာဖြစ်တယ် ပြည်သူလိုလားတဲ့ ပြည်သူ့အစိုးရဖြစ်စေဖို့ အရွယ်ရှိတဲ့လူငယ်တိုင်း တော်လှန်တိုက်ပွဲဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကကြိုဆိုလက်ကမ်းလျှက်ပါ” လို့ ဗျူဟာ ၃၃ ဗျူဟာမှူး ရဲဘော်စောဒါးကိုက တပ်သားတွေအဖြစ် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဗျူဟာ ၃၃ ကွပ်ကဲမှု တပ်ရင်းတပ်ဖွဲ့တွေဟာ တနင်္သာရီနဲ့ မွန်ဒေသတွေမှာ အခြားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ် ၁ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

Facebook