News
စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။
Hi, what are you looking for?
စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းကို အတိုင်ပင်ခံအစည်းအဝေးမတက်ရောက်စေခဲ့ခြင်း အပေါ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddinက ဝေဖန်ပြစ်တင်ထားသည်။
ဆက်လက်၍ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
အမေရိကန်တွင် NUG ငွေတိုက်စာချုပ်ရောင်းချသည့် အခြားသော အရောင်းကိုယ်စားလှယ်များလည်း ရှိပြီး ဦးမျိုးသိမ်းထွန်း တစ်ဦးတည်းကပင် ၄ လအတွင်း ဒေါ်လာ ၉၆၀၀၀၀ ကျော် ရောင်းချ ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ အမေရိကန်သံအမတ်ကြီးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂဌာနချုပ်၊ နယူးယောက်၌ လက်ခံတွေ့ဆုံရာ ယင်းသို့ ကတိပြုပြောကြားခြင်းဖြစ်သည်။
ဧပြီ ၇ရက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့ပြီး အထက်ပါ ဆုံးဖြတ်ချက်အဆိုကို ထောက်ခံမဲပေးခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။
ဆက်လက်ပြီး တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရန်၊ ချိုးဖောက်မှုနှင့် မတရားပြုကျင့်သူ ကျူးလွန်သူအားလုံးကို တာဝန်ခံမှုစေရေးလုပ်ဆောင်ရန်နှင့် ပြုကျင့်ခံရသူများ၊ ရှင်ကျန်ရစ်သူများအားလုံးအတွက် တရားမျှတမှုရှိစေရန် တို့ကို ကောင်စီ၏ ဆုံးဖြတ်ချက်၌ ပါရှိသည်။
အာဆီယံအထူးကိုယ်စားလှယ်သည် လာမည့် မေလအစောပိုင်းတွင် မြန်မာပြည်၌ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး အစီအစဥ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ စစ်တပ်က နိုင်ငံတစ်ဝှမ်းတွင် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ (၉) သိန်းခန့်ရှိလာပြီဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ အထူးလိုနေအပ်နေသူ ၆.၂ သန်းခန့် ရှိနေပြီဖြစ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ အစီရင်ခံသည်။