Connect with us

Hi, what are you looking for?

သတင်း

ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ် စစ်ကောင်စီကို တရားဝင်မှုပေးရန် မဟုတ်ကြောင်း ထုတ်ပြန်

“လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်ရေးကို ကျွန်မ အလွန်ပဲ စိုးရိမ်မိပါတယ်။ သူမ အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ ကျွန်မတောင်းဆိုပါတယ်” ဟု နိုလင်းဟေဇာ က ထုတ်ပြန်သည်။

(ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ ဓါတ်ပုံ-INSTITUTE OF POLICY STUDIES)
(ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ ဓါတ်ပုံ-INSTITUTE OF POLICY STUDIES)

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်သည် စစ်ကောင်စီကို တရားဝင်မှုပေးရန် မဟုတ်ကြောင်း အထူးကိုယ်စားလှယ်က ယနေ့ သတင်းထုတ်ပြန်သည်။

နေပြည်တော်သို့ ပထမဆုံးအကြိမ်လာရောက်သည့် ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံစဉ် ပဋိပက္ခလျှော့ချရေး၊ မြန်မာပြည်သူ များဘေးဒုက္ခခံစားရမှုလျော့ကျရေး လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ကျွန်မရဲ့ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုတွေကို သယ်ဆောင်လာဖို့၊ ပဋိပက္ခနဲ့ ပြည်သူတွေ ခံစားနေရတာတွေ လျော့ကျဖို့ ခိုင်မာတဲ့ခြေလှမ်းတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက တစ်စုံတစ်ရာ တရားဝင်မှုပေးအပ်ဖို့ မဟုတ်ပါဘူး။ မြန်မာ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ စိုးရိမ်မှုတွေက ကင်းဝေးတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရပိုင်ခွင့်တွေ ရရှိ ရပါမယ်။ ဒီရပိုင်ခွင့်တွေအတွက် အားလုံးပါဝင်ရေးလုပ်ငန်းစဉ်ကနေ Stakeholder အားလုံးရဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကသာ ဖြစ်နိုင်မှာပါ” ဟု ကုလအထူးကိုယ်စားလှယ်က ပြောသည်။

မကြာသေးမီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို သေဒဏ်ပေးကွပ်မျက်မှုအပေါ် ကုလသမဂ္ဂက အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနှင့် အနာဂတ်တွင် ကွပ်မျက်မှုအားလုံးကို တရားဝင် ဆိုင်းငံ့ထားရန် အထူးကိုယ်စားလှယ်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နောက်ဆုံးတောင်းဆိုမှုများဖြစ်သည့် အကြမ်းဖက်မှုပုံသဏ္ဍန်မျိုးစုံချက်ချင်းရပ်တန့်ရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အ၀လေးစား ရေး၊ လိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီများ လုံခြုံပြည့်၀စွာ အဟန့်အတားမရှိ ပေးအပ်နိုင်ရေးတို့ကိုလည်း အထူးကိုယ်စားလှယ်က ထပ်လောင်းတောင်းဆိုသည်။

ယင်းနောက် အထူးကိုယ်စားလှယ်သည် လေကြောင်းတိုက်ခိုက်မှုများအဆုံးသတ်ရေးနှင့် အရပ်သားပြည်သူများ၏ နေအိမ်များ၊ အဆောက်အဦများကို မီးရှို့ခြင်းတို့ကို ချက်ချင်းလျှော့ချရန် တောင်းဆိုသည်။

အထူးကိုယ်စားလှယ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်ရရှိရန် တောင်းဆိုထားကြောင်း ပြောသည်။

“လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်ရေးကို ကျွန်မ အလွန်ပဲ စိုးရိမ်မိပါတယ်။ သူမ အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ ကျွန်မတောင်းဆိုပါတယ်” ဟု နိုလင်းဟေဇာ က ထုတ်ပြန်သည်။

ဆက်လက်ပြီး “သူမ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ အမြန်ဆုံးတွေ့ဆုံခွင့်ရဖို့အခွင့်အရေး ကျွန်မ လိုချင်ပါတယ်။ ကျွန်မ သူ့ကို ပုဂ္ဂိုလ်ရေးအရ ဂရုစိုက်သလို သူမဟာ ပါဝင်ပတ်သက်သူအားလုံးနဲ့ ဆွေးနွေးဖို့ အရေးပါတဲ့ stakeholder ဖြစ်တယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်” ဟု ၎င်းက ဆို သည်။

ထို့အပြင် ဩစတြေးလျအစိုးရ၏ သီးခြားတောင်းဆိုမှုဖြစ်သော ၎င်းတို့၏ နိုင်ငံသား စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနဲလ်ကို ပြန်လွှတ်ပေးရေးအတွက်လည်း ကုလအထူးကိုယ်စားလှယ် က စစ်ကောင်စီကို တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။