●အထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်ကို တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများပြစ်တင်
ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာသည် မြန်မာပြည်သူများအတွက် အသုံးပြုရန် မဟုတ်ကြောင်း ၎င်း၏ မြန်မာပြည်ခရီးစဉ်က သက်သေပြနေကြောင်း Progressive Voice က ယနေ့ထုတ်ပြန်သည်။
နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် ထပ်တလဲလဲ ပျက် ကွက်နေပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ခရီးစဉ်သည်လည်း အားလုံးသ တိပေးနေသည့်ကြားမှပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း Progressive Voice က ဖော်ပြသည်။
“ကုလသမဂ္ဂဟာ သူ့ရဲ့အရေးယူလုပ်ဆောင်ဖို့ပျက်ကွက်မှုကြောင့် သူတစ်ခုတည်း နစ်နာနေတာမဟုတ်ပါဘူး။ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ကြန့်ကြာပြီး အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်မှုတိုင်းအတွက် တန်ဖိုးကြီးကြီးပေးဆပ်နေရတာ မြန်မာပြည်သူတွေဖြစ်ပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို နေ့စဉ်သတ်ဖြတ်နေတာကြောင့် စောင့်ဆိုင်းခြင်းနဲ့ ကြန့်ကြာနေခြင်းတွေဟာ မြန်မာ့မြေပြင်မှာ အသက်ပေါင်းများစွာ ထပ်မံဆုံးရှုံးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု Progressive Voice က ဆိုသည်။

Blood Money – သွေးစွန်းငွေ အဖွဲ့ကလည်း “လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ထားသူ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲ နှုတ်ဆက်သူဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ (လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှု၊ အစုံလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု)ကို အားပေးသူပဲ” ဟု ယနေ့ထုတ်ပြန်သည်။

Public Service Announcement
ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ခရီးစဉ်ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရက အလွန်အမင်းစိတ်ပျက်ကြောင်း ယနေ့ထုတ်ပြန်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစု-AJAY ကလည်း ‘လူ့အခွင့်အရေးပြောတဲ့ ကမ္ဘာကြီးက အကြမ်းဖက်နဲ့လက်တွဲနှုတ်ဆက်နေတာလား’ ၊ ‘UN ကို မြန်မာပြည်သူများမှ အလွန်အမင်းစိုးရိမ်နေသည်’ ၊ ‘အရေးယူလုပ် ဆောင်ဖို့ ရုပ်အလောင်းဘယ်လောက်လိုအပ်သလဲ – UN’ စသည်ဖြင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သည်။
ဗြိတိန်အခြေစိုက် Burma Campaign UK က တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်း ဆောင်မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သော ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို ဖယ် ရှားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာ့အရေးကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းရန် ယမန်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
















































